မူးယစ်ဆေးဝါး ဖမ်းဆီးပေးသောရဲတပ်ဖွဲ့ဝင်များနှင့် သတင်းပေးသူများကို တိုင်းအစိုးရဘတ်ဂျက်မှ ဆုချီးမြှင့်နေ

မူးယစ်ဆေးဝါး ဖမ်းဆီးပေးသောရဲတပ်ဖွဲ့ဝင်များနှင့် သတင်းပေးသူများကို တိုင်းအစိုးရဘတ်ဂျက်မှ ဆုချီးမြှင့်နေ

မန္တလေး၊ ဇွန် ၁၀ ။             ။ မူးယစ်ဆေးဝါး ဖမ်းဆီးနိုင်ခဲ့တဲ့ ရဲတပ်ဖွဲ့ဝင်တွေနဲ့ သတင်းပေးတဲ့ပြည်သူတွေကို တိုင်းဒေသကြီး ဘတ်ဂျက် ထဲကနေ ဆုချီးမြှင့်ပေးနေတာ ၂ နှစ်ရှိပြီလို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က ပြောကြားပါတယ်။

ဇွန်လ ၉ ရက်က ကျောက်ဆည်မြို့မှာပြုလုပ်တဲ့ ရဲတပ်ဖွဲ့ဝင် ၆ ဦးကို ဂုဏ်ပြုတဲ့အခမ်းအနားမှာ ပြောကြားခဲ့တာ ဖြစ်ပါတယ်။"ကျွန်တော်တို့ဆီမှာ မူးယစ်ဆေးဝါးဖမ်းမိလို့ရှိရင် မူးယစ်တပ်ဖွဲ့ဝင်တွေကို ကျွန်တော်တို့ အစိုးရဘတ်ဂျက်တွေ ထဲက ဆုချီးမြှင့်တယ်ဆိုတဲ့ ဘတ်ဂျက်ထဲက သီးသန့်ချီးမြှင့်ပါတယ်။အမြဲတမ်းကျွန်တော်တို့ ဖမ်းမိတာများရင် သိန်းထောင်ချီပြီး ဖမ်းမိရင် တပ်ဖွဲ့ဝင် ဘယ်လောက်ပါပါ ။ အရပ်ဖက်က သတင်းပေးတွေအပါအဝင် အားလုံးကို ကျွန်တော် ဆုချီးမြှင့်တာ နှစ်နှစ်ရှိပါတယ်"လို့ ဒေါက်တာဇော်မြင့်မောင်ကပြောပါတယ်။

ပြည်သူများပါ မူးယစ်ဆေးတိုက်ဖျက်ရေးတွင် ပူးပေါင်းပါ၀င်ရန် မန်းတိုင်းဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။

"ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးမှာ စိန်ခေါ်နေတာက မူးယစ်ဆေးဝါး ပါ ပါတယ်။ မူးယစ်ဆေးဝါးကို အခုကျွန်တော်တို့ အင်တိုက်အားတိုက်ဆောင်ရွက်တဲ့အခါမှာ အခက်အခဲတစ်ချို့တော့ရှိတယ်။ ဒါပေမယ့်ဘာလဲ။ တာဝန်သိတဲ့ ပါဝင်ပူးပေါင်းဖို့ ဝန်ထမ်းတွေလိုအပ်သလို ပြည်သူတွေဘက်ကလည်း တာဝန်သိသိနဲ့ သတင်းပေးဖို့လိုအပ်ပါတယ်။"လို့ သူက ဆက်ပြောပါတယ်။

မန္တလေးမြို့မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက မူးယစ်ဆေးရောင်းဝယ်သုံးစွဲနေတဲ့နေရာတွေ ဝင်ရောက်ဖမ်းဆီးပြီး တဲအလုံး ၃၀ ခန့် ဖျက်ဆီးနိုင်ခဲ့ပါတယ်။

အဲဒီအကြောင်းနဲ့ ပတ်သက်ပြီး ဝန်ကြီးချုပ်က"အခုသတင်းပေးတဲ့အတွက် ကျွန်တော်တို့ ဒီကနေ့ မန္တလေးမြို့မှာ ကျွန်တော်တို့ နေရာပေါင်းစုံမှာ တရားမဝင်တဲတွေ ဖျက်ဆီးနိုင်ပါတယ်။ အဲဒီနေရာတွေဟာ မူးယစ်ဆေးဝါးသုံးစွဲတဲ့သူတွေအတွက် လွတ်လွတ်လပ်လပ်သုံးစွဲနေတာ ဖြစ်ပါတယ်။ ဒီနေရာတွေကို ဆက်ပြီးတော့ အခုလည်း စုံစမ်းစစ်ဆေးရေးတွေ ဆက်ဝင်နေပါတယ်။"လို့ ပြောပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly