မြင်​းကပါအရပ်​ ​မြောက်​ဘက်​ရှိ ပုဂံဘုရားအမှတ် (၁၃၇၈) ပြိုကျ

မြင်​းကပါအရပ်​ ​မြောက်​ဘက်​ရှိ ပုဂံဘုရားအမှတ် (၁၃၇၈) ပြိုကျ

ပုဂံ၊ ဇွန်လ ၉ ။         ။ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ မြင်​းကပါအရပ်​ ​မြောက်​ဘက်​ရှိ ဘုရားအမှတ် (၁၃၇၈)သည် ဇွန်​ ၈ ရက်နေ့ ည​နေ ၄ နာရီ မိနစ်​ ၄၀ တွင်​ ပြိုကျမှုဖြစ်ပွားခဲ့သည်​ဟု သိရသည်​။

ဘုရားအမှတ် ၁၃၇၈​ အ​နေဖြင့် ​ဇွန်​လဆန်​းအတွင်​း ရွာသွန်​းခဲ့မိုး​ကြောင်​့ ဘုရားအတွင်​း မိုး​ရေမ​ျားစိမ်​့ဝင်​လာရာမှ အ​လေးချိန်​မ​ျား၍ပြိုကျခဲ့ခြင်​းဖြစ်​သည်​ဟု သိရသည်​။

"အဓိက က မိုး​ကြောင်​့ပါ။ ပုဂံက စိမ်​့ပြီးရွာတဲ့မိုးဆို စိုးရိမ်​ရတယ်​။ ဒီ အ​ဆောက်​အဦတွေက အုပ်​နဲ့လုပ်​ထားတာ​တွေ​လေ။ မိုးရွာပြီဆိုရင်​ အုပ်​ကြား​တွေထဲက ​ရေစိမ်​့ပြီး သူရဲ့အ​လေးဝန်​က များလာတတ်​တယ်​။ ဥတုအ​ပြောင်​း အလဲ​ကြောင်​့ အုပ်​​တွေက ပွလာပြီး ခံနိုင်​ရည်​အားက ​လျော့လာတာ​တွေရှိတယ်​"ဟု ပုဂံ​ရှေး​ဟောင်​းသု​တေသနဌာနမှ လက်​​ထောက်​ညွန်​ကြား​ရေးမှူး ဦးစိုးစိုးလင်​းက ​ပြောသည်​။

ဘုရားအမှတ် (၁၃၇၈)သည် ၁၉၉၇ခုနှစ် တွင်​ အသစ်​ပြန်​လည်​တည်​ေ​ဆာက်ထားသည့် ​​​မြေစိုက်​စေတီ ဖြစ်ပြီး ၂၀၀၃ ခုနှစ်တွင် ​စေတီအက်​ကွဲမှု​ကြောင်​့ သံပတ်​​ခွေ ၂ခုဖြင်​့ပတ်​ထားရသည်​့ ​စေတီလည်​းဖြစ်​သည်​။

ဘုရားအမှတ်​ ၁၃၇၈ အ​နေဖြင်​့ ဉာဏ်​​တော်​ ၂၇​ပေရှိကာ ဇွန်​လအတွင်​း ရွာသွန်​းခဲ့သည်​့ မိုးဒဏ်​များ​ကြောင်​့ ပြိုကျခဲ့ခြင်​းဖြစ်​ပြီး ​စေတီ၏ ၃ ပုံ ၂ ပုံ ၀န်​းကျင်​ ပြိုကျခဲ့ခြင်​းဖြစ်​ကာ စေတီအတွင်​း မမြင်​နိုင်​သည်​့ အတွင်​းဒါဏ်​ရာများနှင်​့ ၀မ်​းစာမခိုင်​ခြင်​းများ ရှိ​နေသည်​ဟု သိရသည်​။

"မိုးကလည်း ​ကောင်​း​နေ​တော့ ​မ​နေ့က ၄ နာရီ ၄၀ မိနစ် ​လောက်​က ပြိုကျသွားတာ ။ ပြိုကျသွား သွားချင်​း ဌာနက အ​ခြေအ​နေနဲ့သူရဲ့သမိုင်​း​ကြောင်​းကို ကြည်​့တယ်​။သူက ၉၇ ခုနှစ်​​လောက်​က ​နောက်​အသစ်​ပြန်​တည်​ထားတဲ့ ဘုရားတစ်​ဆူဖြစ်​တယ်​။၂၀၀၃ ခုနှစ်​​လောက်​က ပြန်​လည်​​တွေ့ရှိချက်​အရ သံဘီးတပ်​ထားတာရှိတယ်​"ဟု ဦးစိုးစိုးလင်​းက ​ပြောသည်​။

လက်ရှိတွင် အဆိုပါ ဘုရားအမှတ်​ (၁၃၇၈) အား သန်​့ရှင်​း​ရေး ပြုလုပ်​​နေပြီး ​အ​ဟောင်​းအတိုင်​းသာ ဆက်လက် ထိန်းသိမ်​းသွားမည်​ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly