ဂျာမနီမှာ ကျင်းပတဲ့ နိုင်ငံတကာ တင့်ကားပြိုင်ပွဲ

ဂျာမနီမှာ ကျင်းပတဲ့ နိုင်ငံတကာ တင့်ကားပြိုင်ပွဲ

 

ဇွန် ၉ ။                        ။ နှစ်စဉ်ကျင်းပနေကျ ပြိုင်ပွဲတစ်ခုဖြစ်တဲ့ နိုင်ငံတကာ တင့်ကားတပ်စု ပြိုင်ပွဲတစ်ရပ်ကိုတော့ ဂျာမနီနိုင်ငံမှာ ယမန်နေ့ ဇွန်လ ၈ ရက်က ကျင်းပခဲ့ပါတယ်။

ယင်းပြိုင်ပွဲမှာတော့ နေတိုး အုပ်စုဝင်နိုင်ငံတွေနဲ့ အဖွဲ့ဝင်မဟုတ်တဲ့ နိုင်ငံတွေက တပ်ဖွဲ့အများအပြား ပါ၀င်ယှဉ်ပြိုင်ခဲ့ကြပါတယ်။

Strong Europe Tank Challenge လို့ခေါ်တဲ့ ယင်းပြိုင်ပွဲကတော့ အမေရိကန်စစ်တပ်နဲ့ ဂျာမနီစစ်တပ်တို့က စီစဉ်တဲ့ စစ်ရေးဆိုင်ရာ ချစ်ကြည်ရေး ပြိုင်ပွဲတစ်ရပ်လည်း ဖြစ်ပါတယ်။

ယင်းကိုတော့ နှစ်စဉ်နှစ်တိုင်း ဂျာမနီနိုင်ငံ Grafenwoehr စစ်အခြေစိုက်စခန်းမှာ ကျင်းပနေကျဖြစ်ပါတယ်။

ယင်းကတော့ ပြိုင်ပွဲလို့ ခေါ်ဆိုပေမယ့် တကယ်တမ်းမှာတော့ စစ်ရေးလေ့ကျင့်မှု၊ ပူးပေါင်းဆောင်ရွက်မှု၊ ပူးတွဲစစ်ဆင်မှုတို့သာ ဖြစ်ကြောင်း သိရပါတယ်။

ယခုနှစ် ပြိုင်ပွဲမှာတော့ ဂျာမနီက ပထမဆုကို ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required