အမ်တီဗီ ဆုချီးမြှင့်ပွဲတွင် အောင်ပွဲခံခဲ့တဲ့ တေလာဆွဇ်

အမ်တီဗီ ဆုချီးမြှင့်ပွဲတွင် အောင်ပွဲခံခဲ့တဲ့ တေလာဆွဇ်

အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့ Microsoft ပြဇာတ်ရုံတွင် သြဂုတ် ၃၀ ရက် ညက ကျင်းပသော အမ်တီဗီ ဂီတဆုချီးမြှင့်ပွဲတွင် ပေါ့ကြယ်ပွင့် တေလာဆွဇ်သည် Bad Blood တေးသီချင်းဖြင့် အမ်တီဗီ၏ ဂုဏ်အရှိဆုံးဆုဖြစ်သည့် တစ်နှစ်တာအကောင်းဆုံး ဂီတဗီဒီယိုဆုကို ဆွတ်ခူး ရရှိခဲ့သည်။

“ Blad Blood တေးသီချင်းမှာ ပါဝင်ကူညီပေးတဲ့သူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ပါဝင် ကူညီပေးသူတွေကို ကျွန်မ ကျေးဇူးတင်ပါတယ်။ ၂၀၁၅ မှာ ကျွန်မ အရမ်းပျော်ပါတယ်” ဟု တေလာ ကပြော ကြားသည်။

အမ်တီဗီဆုပေးပွဲတွင် မိုင်လေ ဆိုင်းရပ်စ်က Yeah , I spoke pot တေးသီချင်းဖြင့် ဖျော်ဖြေ ခဲ့သည်။ အဆိုပါဆုပေးပွဲတွင် တေလာသည် နစ်ကီမီနာ့ချ်နှင့်အတူ The Night Is Still Young တေးသီချင်းနှင့် Bad Blood တေးသီချင်းတို့ကို အတူဖျော်ဖြေခဲ့ကြောင်းနှင့် နှစ်ဦးသားသည် အနီ ရောင်ဝတ်စုံများကို ဝတ်ဆင်ဖျော်ဖြေခဲ့ကြသည်။

နစ်ကီမီနာ့ချ်သည် ၎င်း၏ Anaconda သီချင်းဗီဒီယို အမ်တီဗီ ဆန်ခါတင်စာရင်းတွင် မပါဝင်ခဲ့မှု နှင့် စပ်လျဉ်း၍ ပိန်ပါးသော အမျိုးသမီးများသည် ဆန်ခါတင်စာရင်းတွင် ပါဝင်ရန် လွယ်ကူကြောင်းနှင့် လူမည်းအမျိုးသမီးများသည် ဆန်ခါတင်စာရင်းတွင် ပါဝင်ရန် မလွယ်ကူကြောင်း တေလာဆွဇ်ကို လူသိရှင်ကြား ဝေဖန်ခဲ့သော်လည်း မီနာ့ချ်သည်နောက်ပိုင်း တွင်တေလာဆွဇ် ကိုပြန်လည်တောင်းပန်ခဲ့ သည်။

တေလာသည် Blank Space သီချင်းဖြင့် အကောင်းဆုံးအမျိုးသမီး ဗီဒီယိုဆုနှင့် ပေါ့ပ်ဂီတ ဗီဒီယိုဆုများကိုလည်း ရရှိခဲ့သည်။ အမ်တီဗီဆုပေးပွဲတွင် အဆိုတော် နစ်ကီမီနာ့ချ်သည် Anaconda သီချင်း ဗီဒီယိုဖြင့် အကောင်းဆုံး ဟစ်ဟော့ပ် ဗီဒီယိုဆုကို ရရှိခဲ့သည်။

ရက်ပါ Fetty Wap က Trap Queen တေးသီချင်းဖြင့် လူသစ်တန်း ဂီတဗီဒီယိုဆုကို ရရှိခဲ့ သည်။ အကောင်းဆုံး Rock ဂီတ ဗီဒီယိုဆုကို ရော့ခ်တေးဂီအဖွဲ့ Fall Out Boy အဖွဲ့က Uma Thurman သီချင်းဖြင့် ရရှိခဲ့သည်။ ယခု ဂီတဆုပေးပွဲတွင် ကာနေးဝက်စ်သည် ဂီတဗီဒီယို ဂုဏ်ဆောင် မိုက်ကယ်ဂျက်ဆင် အထူးဆုကို ချီးမြှင့်ခြင်း ခံခဲ့ရသည်။ အကောင်းဆုံး အမျိုးသားဂီတ ဗီဒီယိုဆုကို မာခ်ရွန်ဆန် က Uptown Funk တေးသီချင်းဖြင့် ရရှိခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required