ကင်မ်ဂျံုအန်း၊ ဒေါ်နယ်ထရမ့်တို့နှင့် ရုပ်တူအောင် ပုံဖမ်းထားသူနှစ်ဦး စင်ကာပူမှာ တွေ့ဆုံ

ကင်မ်ဂျံုအန်း၊ ဒေါ်နယ်ထရမ့်တို့နှင့် ရုပ်တူအောင် ပုံဖမ်းထားသူနှစ်ဦး စင်ကာပူမှာ တွေ့ဆုံ

 

ဇွန် ၉ ။              ။ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်း၊ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့နဲ့  ရုပ်တူအောင်လို့ ပုံဖမ်းထားသူနှစ်ဦးဟာ မနေ့က စင်ကာပူမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြပါတယ်။

ဒါဟာ လာမယ့်သီတင်းပတ် အမေရိကန်-မြောက်ကိုရီးယား အကြီးအကဲ နှစ်ဦးအကြား သမိုင်းဝင် ထိပ်သီးတွေ့ဆုံပွဲ မတိုင်ခင် ခုလိုမျိုး ခေါင်းဆောင်နှစ်ဦးနဲ့ ရုပ်တူအောင် ပုံဖမ်းထားသူနှစ်ဦးတို့ ကြိုတင် ဆုံဆည်းခဲ့ကြတာဖြစ်ပါတယ်။

ခုလိုမျိုး အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် တို့နဲ့ ပုံတူအောင် ပုံဖမ်းထားကြသူနှစ်ဦးရဲ့ ဆုံဆည်းမှုကိုတော့ လူအများ စိတ်ဝင်တစားရှိခဲ့ကြပါတယ်။

ဒါပေမယ့်လည်း ယမန်နေ့ ဇွန်လ ၈ ရက်မှာပဲ ကင်မ်ဂျံုအန်းနဲ့ တူအောင် ပုံဖမ်းထားသူဖြစ်တဲ့ Howard X အမည်ရ အမျိုးသားကိုတော့ စင်ကာပူ အာဏာပိုင်တွေက ခေါ်ယူစစ်ဆေးမေးမြန်းခဲ့တယ်လို့ သိရပါတယ်။

 ဒါ့အပြင် ထိပ်သီးအစည်းအဝေး ကျင်းပမယ့် နေရာနဲ့ ဆက်စပ်တဲ့ ဧရိယာတွေကနေ ခပ်ဝေးဝေးနေဖို့ ၎င်းကို သတိပေးခဲ့ကြောင်းလည်း ဟောင်ကောင်အခြေစိုက် လူတုဝိဇ္ဇာ Howard X ပြောသွားပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ကတော့ လာမယ့် ဇွန်လ ၁၂ ရက်မှာ စင်ကာပူမှာ သမိုင်းဝင်တွေ့ဆုံပွဲ ပြုလုပ်သွားဖို့ ရှိနေပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required