မြန်မာ့ဂီတရှေးသီချင်းပေါင်းတစ်ထောင်ကို မြူးဇစ် App များတွင် ၀ယ်ယူနိုင်

မြန်မာ့ဂီတရှေးသီချင်းပေါင်းတစ်ထောင်ကို မြူးဇစ် App များတွင် ၀ယ်ယူနိုင်

ရန်ကုန် ဇွန်၊၈ ရက် ။                   ။ တိမ်မြှုပ်ပျောက်ကွယ်လုနီးပါးဖြစ်နေတဲ့ ခေတ်ဟောင်းတေးသီချင်း ၁၀၀၀ ကို စုစည်းပြီး မြူးဇစ် App များတွင် ၀ယ်ယူနိုင်တယ်လို့ သိရပါတယ်။

ဂီတပညာရှင်ကြီးတွေနဲ့ မျိုးဆက်သစ်လူငယ်တွေ စုပေါင်းကာ ပညာရှင် ၃၀၀ကျော်စုစည်းပြီး အသက်သွင်းထားတာဖြစ်တဲ့ ဂီတရတနာ ခေတ်ဟောင်းတေးသီးချင်းအပုဒ်တစ်ထောင်ကို   ပြန်လည် ဖြန့်ချိခဲ့တာ ဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ ဇွန်လ ၈ရက်နေ ့ ရန်ကုန်မြို ့ ဆရာစံပလာဇာမှာ နေလည် ၁ နာရီမှာပြုလုပ်ခဲ့တဲ့ပွဲမှာ အသိပေးမိတ်ဆက်ခဲ့တာပါ။

ရှေးသီချင်း အပုဒ်တစ်ထောင်ကို  JOOX ၊ MNN အပါအဝင် မြူးဇစ်အက်ပလီကေးရှင်းတွေမှာ ၀ယ်ယူနိုင်တယ်လို့ သိရပြီး လက်ရှိမှာတော့ ပြည်တွင်းရော၊ ပြည်ပမှာရော ရှိတဲ့ မြူးဇစ်အက်ပလီကေးရှင်းတွေမှာ ၀ယ်ယူနိုင်တယ်လို့ မြန်မာမြူးဇစ်နက်ဝေါ့ခ်က ကိုကျော်ဇေယျက ပြောပါတယ်။

“ လူငယ်တွေက ခေတ်ဟောင်းတေးသီချင်းတွေကြားမှာ စိတ်ဝင်စားမှုုအားနည်းလာတာ အခုမှမဟုတ်ဘဲ လွန်ခဲ့တဲ့ နှစ်ပေါင်းတစ်ရာလောက်တည်းကဖြစ်နေတာဖြစ်ပြီး လူငယ်တွေနဲ့ နီးစပ်မှုမရှိတာဖြစ်တယ်” လို့ ကိုကျော်ဇေယျက ပြောပါတယ်။

အဲဒီထဲကမှ အကောင်းဆုံးတေးသီချင်း ၁၁ ပုဒ် ကို လာမယ့် ဇွန်လ ၁၅ ရက်နေ့မှာ အခွေအဖြစ် ထွက်ရှိမှာ ဖြစ်ပါတယ်။

ခေတ်ဟောင်းတေးသီချင်းတွေကို နားထောင်ချင်တဲ့ ပညာရှင်တွေဝါသနာရှင်တွေအတွက် စုစည်းပေးထားတာ ဖြစ်တယ်လို့လည်း တေးသီချင်းနဲ့ အနှပညာရှင် အကယ်ဒမီ ဓိရာမိုရ် က ပြောပါတယ်။

“နိုင်ငံတော်ကသတ်မှတ်ပေးတဲ့အပုဒ်အရေအတွက်က ၁၆၀ လောက်ရှိပြီ။ ကျွန်တော်တို ့ရဲ့မျိုးဆက်ထဲမှာ အပုဒ် ၃၀၀ ကျော်ထိ ရှိပါတယ်။ရှေးခေတ်က ကျမ်းတွေကို ပြန်ပြီးတော့ကိုးကားပြီး ပညာရှင်တွေက ရွေးချယ်တာပါ။ အဲ့ဒါကြောင့် ကျွန်တော်တို့လည်း တန်ဖိုးအရှိဆုံးနဲ့ ထိန်းသိမ်းသင့်ဆုံးပါ ။ နောက်နှစ် ၅၀ ၊ ၁၀၀ လောက်ကြရင် ဒါတွေက ရှိသေးလား၊ မရှိတော့ဘူးလား။  မေးခွန်းတွေအမေးခံရင် အဓိကပြောပြချင်တာပါ " လို့ အကယ်ဒမီ ဓိရာမိုရ် က ဆိုပါတယ်။

ဒီတေးသီချင်းတွေရဲ့ အသံဖမ်းယူမှုကို ဂျပန်နိုင်ငံမှ အသံဖမ်းပညာရှင်ဂျပန်လူမျိုးက ခေတ်မီနည်းပညာများနှင့် ဖမ်းယူထားတာဖြစ်ပြီး သီချင်းအပုဒ်တစ်ထောင်ရွေးချယ်စုစည်းမှုကိုလည်း သုတေသန အဖွဲ့အစည်းများ ဖွဲ့ထားတာဖြစ်တယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required