တရုတ်မဂ္ဂဇင်း LEON အတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ခဲ့တဲ့ ရိန်း

တရုတ်မဂ္ဂဇင်း LEON အတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ခဲ့တဲ့ ရိန်း

တောင်ကိုရီးယား မင်းသားချော ရိန်းသည် စက်တင်ဘာလထုတ် တရုတ်မဂ္ဂဇင်း LEON အတွက် မျက်နှာဖုံးဓာတ်ပုံ ရိုက်ခဲ့သည်။

LEON မဂ္ဂဇင်းသည် ရိန်း၏ မျက်နှာဖုံး ဓာတ်ပုံအပါအဝင် အခြားဓာတ်ပုံများကို Weibo ဝက်ဆိုက်ဘ်မှတစ်ဆင့် သြဂုတ် ၃၀ ရက်တွင် ထုတ်ဖော် ပြသခဲ့သည်။ ဓာတ်ပုံများတွင် ရိန်းသည် ကုတ်အင်္ကျီ ဝတ်ဆင်ကာ ရိုက်ထားပြီး ခေတ်ဆန်သော ပေါ့ပေါ့ပါးပါးဝတ်စုံများ ဝတ်ဆင်ထားသည်ကို တွေ့ရသည်။

ထို့အပြင် ရိန်းသည် အဖြူရောင် ကုတ်အကျီဝတ်စုံကို ဝတ်ဆင်ရိုက်ထားသည့် ဓာတ်ပုံ များ အပြင် ရှပ်အင်္ကျီအပေါ်မှ အပြာရောင်ကုတ်အင်္ကျီ ဝတ်ဆင်ထားသည့် ဓာတ်ပုံများနှင့် အခြား ဓာတ်ပုံ များကိုတွေ့ရ သည်။

ရိန်းသည် ဒရမ်မာဇာတ်ကားဖြင့် တရုတ်နိုင်ငံ၏ ရုပ်ရှင်ဇာတ်ကား ဈေးကွက်တွင် ပရိသတ် အားပေးမှုကို ရရှိထားပြီး အဆိုပါ ဒရမ်မာဇာတ်ကားသည် ကြည့်ရှုမှုနှုန်း နံပါတ် ၂ နေရာတွင် ရှိနေ သည်။

ရိန်းသည် အောက်တိုဘာလတွင် ဂီတလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဟု ဇူလိုင်လ အစောပိုင်းက ပြောကြားခဲ့သော်လည်း ရိန်း၏ အေဂျင်စီ Cube Entertainment က အဆိုပါသတင်းကိုငြင်းဆို ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly