ပခုက္ကူမြို့ ရွှေချောင်းရေဘေးအတွက် အစိုးရမှ ထောက်ပံကြေးပေးအပ်

ပခုက္ကူမြို့ ရွှေချောင်းရေဘေးအတွက် အစိုးရမှ ထောက်ပံကြေးပေးအပ်

ပခုက္ကူ၊ ဇွန် ၈ ။           ။ ရွှေချောင်း ချောင်းရေကျဆင်းခဲ့၍ ကမ်းပါးပြိုသဖြင့် ပြောင်းရွှေ့ခဲ့ရသည့်နေအိမ်များအား အစိုးရမှ ထောက်ပံ့ကြေးငွေများကို ဇွန်လ ၈ ရက်နေ့က ထောက်ပံ့ပေးအပ်ခဲ့သည်။

ရွှေချောင်း ချောင်းရေတိုက်စားမှုကြောင့် ကမ်းပါပြိုသည့်ဘေးအန္တရာယ်မှ လွတ်ကင်းရန်အတွက် နေအိမ် ၁၈လုံး ပြောင်းရွှေ့ခဲ့ကြရသည်ဟု သိရသည်။

" နိုင်ငံတော်အစိုးရ အနေနဲ့ ပြောင်းရွှေ့ရတဲ့အိမ် ၁၈လုံးက တစ်အိမ်ကို ငါးသောင်းနှုန်းနဲ့ထောက်ပံ့တယ်။ စုစုပေါင်း ၁၈လုံးစာ ၉သိန်း ထောက်ပံ့တယ်။ ကျွန်တော်တို့ဘေးစီမံဦးစီးဌာနက အစိုးရကိုယ်စား ထောက်ပံ့တာပါ " ဟု ပခုက္ကူခရိုင် သဘာဝဘေးစီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွန်ကြားရေးမှူးဦးနေဝင်းက ပြောသည်။

ထို့ကဲ့သို့ ပြောင်းရွှေ့စရိတ်များအပြင် စားနပ်ရိက္ခာနှင့် ကယ်ဆယ်ရေးပစ္စည်းများလည်းထောက်ပံ့ပေးအပ်ခဲ့ကြသည်။

"လူတစ်ယောက်အတွက် ဆန်တစ်ဘူးကို ၁၅၀ ကျပ်နှုန်းနဲ့ ဆန်ရိက္ခာဖိုးလည်း ထောက်ပံ့ပါတယ်။ဘေးသင့် လူဦးရေ ၉၀ ကျော်အတွက် ၁၉၃၂၀၀ ကျပ် ထောက်ပံ့ပါတယ်။ပြီးတော့ ကယ်ဆယ်ပစ္စည်း ၉မျိုး ၊ ကျားလုံချည် ၊ မလုံချည်၊တီရှပ်၊ တဘက်၊ စတီးခွက် စတီးဇွန်း စသဖြင့် ၉ မျိုးပါ ပါတယ်။ဒါကိုလည်း ထောက်ပံ့ခဲ့ပါတယ်"ဟု ဦးနေဝင်းက ပြောသည်။

ရွှေချောင်း ချောင်းအနေဖြင့် ဇွန်လ ရ ရက်နေ့က ချောင်းရေကျဆင်းခဲ့ပြီး အိမ် ရလုံး ရေထဲေမျောပါခဲ့ပြီး အိမ်ခြေ ၁၈လုံး ဘေးလွတ်ရာသို့ ပြောင်းရွှေ့ခဲ့ရသည်။ လက်ရှိအနေဖြင့်   ချောင်းရေဘေးလွတ်ရာသို့   ပြောင်းရွှေ့ရသည့် လူဦးရေ ၉၂ ဦး ရှိသည်ဟုသိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly