ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ

ရင်သားထိပ်ခေါင်းတွေ ဘာကြောင့် မည်းရတာလဲ

ရေးသားသူ Arkar Hein
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win.

အမျိုးသမီး တစ်ယောက်ရဲ့ရင်သားတွေဟာ အပျိုဖော်ဝင်ခြင်းနဲ့ သန္ဓေဆောင်ခြင်းတို့လို သဘာဝ ဖြစ်စဉ်တွေကြောင့် အချိန်နဲ့အမျှ ပြောင်းလဲတတ်ပါတယ်။ ရင်သား ထိပ်ခေါင်းတွေကတော့ အရောင် မပြောင်းတတ်ကြပေမဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က areola လို့ခေါ်တဲ့ စက်ဝိုင်းပုံစံ အရေပြား ဧရိယာ လေးကတော့ အရောင်ပြောင်းနိုင်ပါတယ်။

ပုံမှန်အားဖြင့် Areola အရောင်ပြောင်းတာက အန္တရာယ် မရှိပေမဲ့ တစ်ခါတစ်ရံမှာတော့ Areola အရောင်ပြောင်းတာက ကျန်းမာရေး အန္တရာယ်ရှိနေနိုင်တဲ့ အတွက် ဆေးဝါးကုသမှု ခံယူဖို့ လိုအပ်ပါတယ်။ ရင်သားထိပ်ခေါင်း အမည်းရောင်ပြောင်းရခြင်းရဲ့ အကြောင်းရင်းတွေကတော့ –

  •     သောက်သုံးရတဲ့ သန္ဓေတားဆေးများ၊
  •     အပျိုဖော်ဝင်ခြင်း၊
  •     သန္ဓေဆောင်ရခြင်း၊
  •     ရင်သားထိပ်ခေါင်းများမှ အမွှေးများကြောင့်၊
  •     ဓမ္မတာ လာခြင်းကြောင့်၊
  •     နို့ချို့တိုက်ကျွေးရခြင်း၊
  •     ကင်ဆာရောဂါ စတဲ့ အကြောင်းရင်းတွေကြောင့် ဖြစ်ပါတယ်။

နောက်လာမယ့်စာပိုဒ်တွေမှာတော့ ဒီလို ရင်သားထိပ်ခေါင်းမည်းစေတဲ့ အကြောင်းရင်းတွေအကြောင်းကို အသေးစိတ် တစ်ချက်ခြင်း ဖော်ပြသွားမှာ ဖြစ်ပါတယ်။

၁။ သောက်သုံးရတဲ့ သန္ဓေတားဆေးများ။

သောက်သုံးရတဲ့ သန္ဓေတားဆေးတွေဟာ ဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေနိုင်ပြီး ဟော်မုန်းပြောင်းလဲမှုတွေက ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက်ကို ပိုပြီး မည်းလာစေနိုင်ပါတယ်။ သန္ဓေတားဆေးတွေမှာ လူလုပ် အီစထရိုဂျင် (estrogen) နဲ့ ပရိုဂျက်စတီရုန်း (progesterone) ဟော်မုန်းတွေ ပါဝင်ပါတယ်။ ဒီလို ဟော်မုန်းတွေပါဝင်တာကြောင့် သန္ဓေတားဆေးတွေကို သောက်သုံးခြင်းဖြင့် ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက် မည်းသွားတာမျိုး
ဟော်မုန်းပြောင်းလဲတဲ့ အခါ ဖြစ်ပေါ်တဲ့ ဝေဒနာတွေ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင် သန္ဓေတားဆေးသောက်သုံးတာကို ရပ်လိုက်တာနဲ့ တစ်ပြိုင်နက် ပျောက်ကင်းသွားတတ်ပါတယ်။ သန္ဓေတားဆေးတွေဟာ မတ်လဇ်မာ လို့ခေါ်တဲ့ အတွေ့ရများတဲ့ အရေပြား ရောဂါကိုလည်း ဖြစ်စေနိုင်ပါတယ်။ မတ်လဇ်မာ (Melasma) ဖြစ်ပြီဆိုရင် အရေပြားမှာ အညိုရောင် အရေပြားအကွက်တွေ ဖြစ်ပေါ်လာမှာ ဖြစ်ပြီး မတ်လဇ်မာ (Melasma) ဟာ အမျိုးသားတွေမှာပါ ဖြစ်နိုင်
ပေမဲ့ ဖြစ်ပွားတဲ့လူ ၉၀ ရာခိုင်နှုန်းကတော့ အမျိုးသမီးတွေ ဖြစ်ကြပါတယ်။

၂။ အပျိုဖော်ဝင်ခြင်း။

အပျိုဖော်ဝင်ချိန် မျိုးဥအိမ်က ဟော်မုန်းတွေစတင်ထုတ်လုပ်တာနဲ့ အမျိုးသမီး တစ်ယောက်ရဲ့ အီစထရို ဂျင် ပမာဏက မြင့်တက်လာပါတော့တယ်။ ဒီလို အီစထရိုဂျင် မြင့်မားလာမှုက ရင်သားတွေကို ပိုပြီး ဖွံဖြိုးလာစေပါတယ်။ ရင်သားကြီးလာတာနဲ့ အမျှ ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက် က အရေပြား တွေက ပိုမည်းလာတတ်ပါတယ်။

၃။ သန္ဓေဆောင်ရခြင်း။

သန္ဓေဆောင်ချိန် သန္ဓေသား ဖွံဖြိုးလာတာနဲ့ အမျှ ရင်သားတွေကလည်း ရင်သွေးကို နို့ချို့ တိုက်ကျွေးဖို့ အတွက် ဖွံဖြိုးလာပါတယ်။ အဲ့ဒီအချိန် မွေးဖွားလာမယ့် ကလေးကို နိုချို့ တိုက်ကျွေးဖို့ အတွက် ခန္ဓာကိုယ်ကလည်း အီစထရိုဂျင်နဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်းတွေကိုု ပိုပြီး ထုတ်လုပ်လာပါတော့တယ်။ ဒီလို ဟော်မုန်း ထုတ်လုပ်ပုံ ပြောင်းလဲသွားတာနဲ့ အမျှ ရင်သားတွေကလည်း ပြောင်းလဲလာမှာပါ။ ဒါကြောင့် သတိထားမိမယ်ဆိုရင် ရင်သားတစ်ဂိုက် ပိုပြီးရောင်ကိုင်းလာမှာတာကိုတွေ့ရမှာပါ။ ဒါ့အပြင် ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက် ပိုပြီး မည်းလာမှာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန် ရင်သားထိပ်ခေါင်း ဧရိယာ တစ်ဝိုက်မည်းလာတယ်ဆိုတာ တဒင်္ဂ ဖြစ်စဉ်တစ်သာ ဖြစ်ပါတယ်။ ကလေးဖွေးဖွား အပြီး ၊ နို့ချို့တိုက်ကျွေးချိန် အပြီးမှာတော့ ရင်သားထိပ်ခေါင်းတွေက အရင်အရောင်ပြန်ဖြစ်သွားမှာပါ။

၄။ နို့ချိုတိုက်ကျွေးခြင်း။

ရင်သွေးတွေ အစာအရင်းမြစ်ကို သိစေရန်အတွက် ရင်သားထိပ်ခေါင်းတွေက ပိုပြီး မည်းလာရတာပါ။ အပေါ်မှာ ဖော်ပြထားသလိုပဲ နို့ချို တိုက်ကျွေးခြင်းက ရင်သားထိပ်ခေါင်းတစ်ဝိုက် အရောင်မည်းခြင်းတို့လို့ ရင်သား ပြောင်းလဲမှု များစွာ ဖြစ်စေနိုင်ပါတယ်။ နို့ချိုတိုက်ကျွေးချိန်မှာ နို့ရည်တွေ ပိုပြီး ထွက်ရှိလာစေဖို့အတွက် ဟော်မုန်းတွေ မြင့်တက်လာမှာဖြစ်ပြီး ရင်သားထိပ်ခေါင်းနားတစ်ဝိုက် ပိုပြီး မည်းလာမှာ ဖြစ်ပါတယ်။ ရင်သားထိပ်ခေါင်း မည်းရခြင်းရဲ့ နောက်အကြောင်းရင်းတစ်ခု ကတော့ ရင်သွေးတွေ နို့စို့ရာမှာ ပိုပြီး မြင်ရအောင် အမှတ်အသားတစ်ခု အဖြစ် ခန္ဓာကိုယ်က လုပ်ပေးခြင်း ဖြစ်တယ်လို့ သိပ္ပံပညာရှင်များက လက်ခံထားကြပါတယ်။ မွေးကင်းစ ကလေးတွေဟာ မျက်လုံးအာရုံအရမ်း အားနည်းပါတယ်။ ဒီတော့ ရင်သားထိပ်ခေါင်း တစ်ဝိုက်မည်းလာခြင်းက ကလေးတွေ သူတို့ရဲ့ အစာရင်းမြစ်ကို ပိုပြီးသိစေနိုင်ရန်အတွက် ဖြစ်ပေါ်တဲ့ ဆင့်ကဲ ဖြစ်စဉ်တစ်ရပ်လည်း ဖြစ်ပါတယ်။ နို့ချို့တိုက်ကျွေးချိန်ပြီးတာနဲ့ ရင်သားထိပ်ခေါင်းတွေဟာ သူ့ရဲ့ နဂို အရောင်ပြန်ပြောင်းသွားမှာ ဖြစ်ပါတယ်။

၅။ ရင်သားထိပ်ခေါင်းတစ်ဝိုက်မှာ အမွှေးများပေါက်ခြင်း။

ရင်သားထိပ်ခေါင်းတစ်ဝိုက် အမွှေးတွေပေါက်တယ်ဆိုတာ ပုံမှန် ဖြစ်စဉ် တစ်ရပ်တော့ မဟုတ်ပါဘူး။ ဒီအမွှေးလေးတွေက ခန္ဓာကိုယ်က တစ်ခြား အမွှေးတွေထက် ပိုပြီး မည်းနက်ပါတယ်။
ဒီလို အမွှေးလေးတွေက ရင်သားထိပ်ခေါင်းတစ်ဝိုက် နီးကပ်စွာပေါက်တဲ့အခါ ရင်သားထိပ်ခေါင်းကို ပိုပြီးမည်းလာစေမှာ ဖြစ်ပါတယ်။

၆။ ဓမ္မတာ လာခြင်း။

ဓမ္မတာလာခြင်းဟာ မျိူးပွားဖြစ်စဉ်ရဲ့ ပုံမှန် ဖြစ်ပျက်နေတဲ့ အရာတစ်ခုလည်းဖြစ်ပါတယ်။ ဒီစက်ဝိုင်း အတွင်းမှာ မျိူးဥအိမ်တွေက သန္ဓေအောင်စေရန်အတွက် မျိုးဥကို ထုတ်လုပ်ကြပါတယ်။ ဓမ္မတာ စက်ဝန်းပြောင်းလဲခြင်းဟာ ဟော်မုန်းတွေကြောင့် ဖြစ်ရတာကြောင့် ရင်သားတွေပါ ပြောင်းလဲမှုတွေ စတင်ဖြစ်လာတော့မှာပါ။ ဟော်မုန်းပမဏာ အနိမ့်အမြင့် ဖြစ်တာနဲ့ ရင်သားတွေဟာ နာကျင်ပြီး ရောင်ကိုင်းလာနိုင်ပါတယ်။ ဒီလိုမျိုးပဲ ဓမ္မတာ စက်ဝိုင်းအတွင်းရောက်တာနဲ့ ရင်သားထိပ်ခေါင်းတွေ ပိုပြီး မည်းလာတာကိုတွေ့ရမှာ ဖြစ်ပါတယ်။

၇။ ကင်ဆာ။

ပဲဂျက် ရောဂါ (Paget’s Disease) ဆိုတာ ရင်သားထိပ်ခေါင်းမှာ ဖြစ်တတ်တဲ့ ရှားပါး ကင်ဆာရောဂါတစ်မျိုးပါ။ ပဲဂျက်ရောဂါဖြစ်ရင် ကင်ဆာဆဲလ်တွေက ရင်သားထိပ်ခေါင်းနားတစ်ဝိုက် တည်ရှိနေကြပါတယ်။ ဒီကင်ဆာမျိုးဟာ ပထမပိုင်းမှာ နို့သယ်ပြွန်တွေမှာ စတင်ဖြစ်ပွားပြီးနောက်ပိုင်း ရင်သားထိပ်ခေါင်း မျက်နှာပြင်နဲ့ areola လို့ခေါ်တဲ့ ရင်သားထိပ်ခေါင်းတစ်ဝိုက်က အနက်ရောင် အရေပြားထံ ကူးစက်သွားပါတယ်။ ဒီရောဂါ ဖြစ်နေပြီဆိုရင် ရင်သားထိပ်ခေါင်းနဲ့ areola တို့ဟာ အနီရောင်ပြောင်းလာပြီး အရေခွံတွေကွာကျလာကာ ယားယံလာမှာ ဖြစ်ပါတယ်။ ပဲဂျက် ရောဂါ (Paget’s Disease) ရောဂါ ဖြစ်ပွားတဲ့ လူ ၉၀ ရာခိုင်နှုန်းမှာ ရင်သားကင်ဆာပါ ရှိတတ်ကြပေမဲ့
ပဲဂျက် ရောဂါ (Paget’s Disease) တွေကတော့ ရင်သားကင်ဆာ ဖြစ်ပွားစေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ၅ ရာခိုင်နှုန်း ခန့်သာရှိပါတယ်။ ပဲဂျက် ရောဂါ (Paget’s Disease) ရှိနေတဲ့ လူတွေ ၉၀ ရာခိုင်နှုန်းလောက်မှာ ရင်သားကင်ဆာပါ ရှိနေတတ်တာမို့ ရောဂါ လက္ခဏာတွေကို အရင်ဆုံး သိဖို့ က အရမ်း အရေးကြီးပါတယ်။ လက်ရှိအချိန်ထိ ဘာကြောင့် ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်ပွားရသလဲဆိုတဲ့ အကြောင်းရင်းကို မသိကြသေးပေမဲ့ ဖြစ်နိုင်ချေ နှစ်ခုထဲ က ပထမတစ်ခုကတော့ ကင်ဆာဆဲလ်တွေဟာ ရင်သားအတွင်းက နို့သယ်ပြွန်တွေထဲမှာ စတင်ကြီး
ထွားလာပြီးနောက်မှာ ရင်သားထိပ်ခေါင်း အထိ ကြီးထွားလာတဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပါတယ်။ ဒီဖြစ်နိုင်ချေကတော့ ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်နေတဲ့ လူတွေမှာ ရင်သားကင်ဆာ ပါရှိနေတယ်ဆိုတဲ့ ဖြစ်ရပ်ကို အတည်ပြုပေးနိုင်ပါတယ်။ နောက်ယူဆချက်ကတော့ ရင်သားထိပ်ခေါင်းက ဆဲလ်တွေသာ ကင်ဆာဆဲလ်တွေ ဖြစ်နေတဲ့ ဖြစ်စဉ်ဖြစ်ပြီး ရင်သားထိပ်ခေါင်းမှာ ပဲဂျက် ရောဂါ (Paget’s Disease) ရောဂါပဲ ဖြစ်နေတဲ့လူတွေနဲ့ ပဲဂျက် ရောဂါ (Paget’s Disease) နဲ့မဆိုင်ဘဲ ရင်သားကင်ဆာ သပ်သပ် ထပ်ဖြစ်နေတဲ့ ဖြစ်ရပ်ကို အတည်ပြုပေးနိုင်ပါတယ်။

ရင်သားထိပ်ခေါင်းမှာ ဖြစ်တဲ့ ပဲဂျက် ရောဂါ (Paget’s Disease) ဟာ အမျိုးသမီးတွေမှာသာ ပိုအတွေ့ရများပေမဲ့ ရင်သားကင်ဆာတွေလိုမျိုးပဲ အမျိုးသားတွေမှာလည်း ဖြစ်ပွားနိုင်ပါတယ်။ National Cancer Institute ရဲ့ လေ့လာချက်တွေအရ အမျိုးသမီးတွေမှာ ပျှမ်းမျှ အသက် ၆၂ နှစ်ဆိုရင် ပဲဂျက် ရောဂါ (Paget’s Disease) ဖြစ်ပွားတတ်ပြီး အမျိုးသားတွေမှာကတော့ ပျှမ်းမျှ ၆၉ နှစ်မှာ ဖြစ်ပွားတတ်ပါတယ်။ ပဲဂျက်ရောဂါရဲ့ ကနဦး လက္ခဏာတွေကတော့ ရင်သားထိပ်ခေါင်းမည်းလာခြင်းနဲ့အတူ-

     ရင်သားထိပ်ခေါင်းပြားလာခြင်း၊
     ရင်သားထိပ်ခေါင်းမှ အဝါရောင်နဲ့ သွေးပါသော ခန္ဓာကိုယ်ထွက် အရည်များ ထွက်လာခြင်း၊
    ရင်သားထိပ်ခေါင်းမှ ကြွပ်ဆပ်မာကျောသောအရေပြားများကွာကျခြင်း၊
    ရင်သားထိပ်ခေါင်းတွင် ယားယံခြင်း တို့ကိုပါ ပူးတွဲခံစားကြရတတ်ကြပါတယ်။

ဒီကင်ဆာမျုုိးကို အပျိုဖော်ဝင်ပြီးတဲ့ အချိန်ကစလို့ စတင်ဖြစ်ပွားတတ်ကြပေမဲ့ လူငယ်တွေထက် လူကြီးတွေမှာ ပိုအဖြစ်များပါတယ်။ အကယ်၍ ဒီလိုဝေဒနာတွေနဲ့ အတူ ရင်သားပါ မည်းလာမယ်ဆိုရင် ဆရာဝန်ထံ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်နဲ့ သွားတွေရမလဲ။

ခန္ဓာကိုယ် ဖွံ့ဖြိုးလာပြီး အသက်ကြီးလာတာနဲ့ အမျှ ရင်သားနဲ့ ရင်သားထိပ်ခေါင်းတွေက သဘာဝအတိုင်း လိုက်လံပြောင်းလဲလာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် သဘာဝ ဖြစ်စဉ်တွေဖြစ်တဲ့
ဓမ္မတာ လာခြင်း၊ ကိုယ်ဝန်ဆောင်ခြင်းနဲ့ နို့ချို့တိုက်ကျွေးခြင်းတို့ကလည်း ရင်သားကိုပိုပြီး မည်းလာစေမှာ ဖြစ်ပါတယ်။ ဒီလို ဖြစ်စဉ်တွေကြောင့် ရင်သားထိပ်ခေါင်း မည်းလာတာဆိုရင် စိုးရိမ်စရာ မရှိပေမဲ့ အောက်ပါ အချက်တွေပါ တွဲပြီး ဖြစ်ပေါ်လာရင်တော့ ဆရာဝန်ထံ သွားရောက်ပြသသင့်ပါတယ်။

     အရေပြား အရေခွံတွေ ကွာကျခြင်း၊
    ရင်သားထိပ်ခေါင်း တစ်ဖက်တည်းကသာ အရောင်ပြောင်းလာခြင်း၊
    ယားယံခြင်း၊
    ရင်သားတစ်ဝိုက် နီလာခြင်း၊
    အဖုအကျိတ် တို့ ဖြစ်လာပြီဆိုရင် ဆရာဝန်နဲ့ အမြန်ဆုံးသွားရောက်ပြသသင့်ပါတယ်။

နိဂုံးချုပ်။

နိဂုံးချုပ် အနေနဲ့ ပြောရမယ်ဆိုရင် ရင်သားအရောင်ဟာ သဘာဝ ဖြစ်စဉ်များအလိုက် လိုက်လံပြောင်းလဲတတ်ပါတယ်။ ဒီကြောင့် ရင်သား အရောင်ပြောင်းလဲတာက ဘာမှ စိုးရိမ်စရာ မရှိဘဲ ပုံမှန် ဖြစ်စဉ်တွေ ဖြစ်တဲ့ ခန္ဓာကိုယ် ပြောင်းလဲမှုတွေ ပြီးသွားတာနဲ့ အရောင် ပြန်ဖျော့သွားမှာ ဖြစ်ပါတယ်။ တစ်ခုတည်းသော စိုးရိမ်စရာတစ်ခုကတော့ ရင်သားထိပ်ခေါင်း မည်းလာတာနဲ့ အတူ တစ်ခြား ပုံမှန်မဟုတ်တဲ့ ဖြစ်စဉ်တွေပါ ဖြစ်လာတဲ့ ဖြစ်စဉ်ဖြစ်ပြီး ဒီလိုဆိုရင်တော့ ဆရာဝန်နဲ့သွားရောက်ပြသကုသသင့်ပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly