လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုံရိပ်ကောင်းရယူချင်နေတဲ့ ဆွာရက်ဇ်

လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပုံရိပ်ကောင်းရယူချင်နေတဲ့ ဆွာရက်ဇ်

ဇွန် ၈၊ ရုရှ။          ။ ၂၀၁၄ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ချီလီနီရဲ့ ပုခုံးကို ကိုက်ခဲ့လို့ အိမ်ပြန်စောခဲ့ရတဲ့ ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်က သူ့အနေနဲ့ လာမယ့်ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ပုံရိပ်ကောင်းရယူဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

ဆွာရက်ဇ်က “၂၀၁၄ တုန်းက အဖြစ်အပျက်တွေနောက်မှာ ဒီနှစ်တော့ ကျွန်တော့်အတွက် ပုံရိပ်ကောင်းတဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ဖြစ်ချင်ပါတယ်” လို့ ဆိုခဲ့တာပါ။

ဥရုဂွေးအသင်းဟာ အုပ်စု A မှာ အိမ်ရှင်ရုရှ၊ အီဂျစ်၊ ဆော်ဒီအာရေးဘီးယားအသင်းတွေနဲ့ အတူကျရောက်နေလို့ အုပ်စုချောင်တယ်လို့ သုံးသပ်နေကြပေမယ့် ဆွာရက်ဇ်ကတော့ ငြင်းဆန်ခဲ့ပြီး တခြားအုပ်စုတွေလိုပဲ ခက်ခဲပြီး ရှုပ်ထွေးတယ်လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ရာသီမှာ ၁၀ ဂိုးသွင်းနိုင်ခဲ့ပြီး ဥရုဂွေးအသင်းမှာ ရွေးချယ်ခံခဲ့ရတဲ့ ဆယ်လ်တာဗီဂိုအသင်းက မက်ဆီဂိုမက်ဇ်အကြောင်း ကိုလည်း ဆွာရက်ဇ်က မှတ်ချက်ပြုခဲ့ပါတယ်။

ဆွာရက်ဇ်က “ကျွန်တော်သူ့ကို လေးလေးစားစားဆက်ဆံပါတယ်။ ဘာကြောင့်လဲဆိုတော့ သူလည်း လက်ရွေးစင် အသင်းသားတစ်ယောက်ဖြစ်နေလို့ပါပဲ။ လူငယ်တွေကို လက်တွဲခေါ်ဖို့လိုပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းကလည်း ဂါနာအသင်းရဲ့ ဂိုးသွင်းယူမှုကို လက်နဲ့ပုတ်ထုတ်ကာကွယ်ခဲ့လို့ အနီကတ်ပြခံခဲ့ရဖူးပါတယ်။

Ref; Marca

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly