မုံရွာတွင် ရေယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးလေ့ကျင့်မှုများ ပြုလုပ်

မုံရွာတွင် ရေယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေးလေ့ကျင့်မှုများ ပြုလုပ်

 

ဇွန် ၈ ၊ မုံရွာ ။         ။ စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ချင်းတွင်းဌာနခွဲ၊ ရေကြောင်းဌာနစု မုံရွာမြို့ ရုံး၌ ဇွန်လ ၄ ရက်မှ ၈ ရက်အထိ   ရေယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်တွင်းရေကြောင်းပို့ဆောင်ရေးဆိုင်ရာ သဘာဝဘေးဒဏ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်များတွင် ဆောင်ရွက်ရမည့် ဝတ္ထရားများ၊ လမ်းခရီးတွင် ခရီးသည်အား အရေးပေါ်အသက်ကယ်ရန် လိုအပ်ခြင်းအတွက် ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်နှင့် တာဝန်ထမ်းဆောင်ရမည့် ဝတ္ထရားများ၊ လမ်းခရီးတွင် လေပြင်းကျခြင်း၊ လှိုင်းကြီးခြင်းနှင့် မိုးသည်ထန်ခြင်းတို့အတွက် ဝန်ထမ်းတစ်ဦးချင်းစီ၏ တာဝန်နှင့် တာဝန်ထမ်းဆောင်ရမည့် ဝတ္ထရားများအတွက် ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

'' ဝန်ထမ်းတွေအနေနဲ့ အရင်ကတည်းက ဒီကိစ္စတွေက ကျွမ်းကျင်မှုရှိပြီးသားပါ ။ မိုးကျလာရင်၊ လေပြင်း တိုက်လာရင် ဘယ်လိုလုပ်ရမယ်ဆိုတာလည်း သင်္ဘောသားတွေနဲ့ ကျွမ်းကျင်ပြီးသားပါ ။ ဒီနေ့ သင်တန်းက တက်ကျွမ်းပြီးသားတွေကို တစ်ဦးယောက်ချင်းစီ လုပ်ဆောင်တဲ့အခါ အရင်ကထက် ပိုမိုမြန်ဆန်စွာ လုပ်ဆောင်နိုင်ဖို့အတွက် အခုလို မွမ်းမံသင်တန်းတွေ ပေးတာ" ဟု ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ချင်းတွင်းဌာနခွဲ၊ ရေကြောင်းဌာနစု မုံရွာမြို့မှ လက်ထောက်ရေကြောင်း ဌာနစုမှူးချုပ် ဦးသန်းထွန်းက မဇ္ဇျိမသို့ ပြောသည်။

ချင်းတွင်းဌာနခွဲ မုံရွာတွင် ယခုလက်ရှိ နှစ်ထပ်ခွဲ သင်္ဘောများနှင့် ၂ ထပ် သင်္ဘော စုစုပေါင်း ၁၃ စီးရှိပြီး ၂ စီးသာ ပြေးဆွဲနေကာ ဝန်ထမ်းပေါင်း ၄၉ဦးရှိကြောင်း သိရသည်။

ယင်းသင်္ဘောများသည် ၁၉၅၃၊ ၁၉၆၅၊၁၉၈၃၊ ၁၉၉၇ စသည့်ကာလများတွင် ချင်းတွင်းဌာနခွဲသို့ ရောက်ရှိလာ သည့် သင်္ဘောများဖြစ်ပြီး ပြည်တွင်းပို့ဆောင်ရေးဌာနမှ ပြုပြင်ထိန်းသိမ်းနိုင်ခြင်းမရှိသည့်အတွက် ၂၀၁၀ ခုနှစ် ဝန်းကျင်မှစတင်၍ အရှုံးပေါ်နေသည့် ဌာနတစ်ခုဖြစ်ကြောင်း သိရသည်။
    

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required