အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသော အဆိုတော်အစ္စဏီအား ၅ ကြိမ်မြောက် ရုံးထုတ်

အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံထားရသော အဆိုတော်အစ္စဏီအား ၅ ကြိမ်မြောက် ရုံးထုတ်
ဓာတ်ပုံ - သက်ကို

ရန်ကုန် ဇွန် ၈ ။          ။ အလိုမတူ အဓမ္မပြုကျင့်မှုဖြင့် တရားစွဲဆိုခံ ထားရသော အဆိုတော် အစ္စဏီ (ခ) ဟန် ထွန်းဇော်အား ဇွန်လ ၈ ရက်နေ့က ရန်ကုန်၊ တာမွေမြို့နယ်တရားရုံးတွင် ၅ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

မော်ဒယ် စူးရှထက် (ခေါ်) မဇာခြည်ဌေးကို အဆိုတော် အစ္စဏီက အဓမ္မပြုကျင့်ခဲ့သည် ဟုဆိုကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။ ဇွန်လ ၈ ရက် ရုံးချိန်းတွင် တရားလိုဖြစ်သူ မော်ဒယ် စူးရှထက် ဒုတိယအကြိမ် လာရောက်ခဲ့ပြီး တရားခံဘက် က နောက်ထပ်ရှေ့နေတစ်ဦးကို ရှေ့နေပါဝါ လွှဲပြောင်းခဲ့သည်ဟု သိရသည်။

စွဲဆိုထားသည့်အမှုနှင့်စပ်လျဉ်း၍ တရားဥပဒေဘောင်အတွင်းမှ ဆက်လက်ဆောင်ရွက်သွားမည်ဟု မော်ဒယ် စူးရှထက်က တရားရုံးမှ ပြန်လည်ထွက်လာစဉ် မီဒီယာများကို ပြောသည်။

" တရားဥပဒေအတိုင်းဆက်သွားမှာပါ၊ တရား ဥပဒေဘောင်အတိုင်းပဲ ဆက်သွားမှာပါရှင့်" ဟု မော်ဒယ် စူးရှထက်က ပြောသည်။

ဧပြီလ ၁၂ ရက်နေ့က အစ္စဏီ(ခ) ဟန်ထွန်း ဇော်သည် မော်ဒယ် စူးရှထက် (ခေါ်) မဇာခြည်ဌေးအား နာကျင်အောင် ပြုလုပ်၍ သတိမေ့မြောနေစဉ် ၂ ကြိမ် အဓမ္မ ပြုကျင့်ခဲ့သည် ဟု ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ အစ္စဏီ (ခ) ဟန်ထွန်းဇော်အား တာမွေမြို့မရဲစခန်းတွင် (ပ)၃၆၂ /၂၀၁၈ ရာဇသတ်ကြီးဥပဒေ ပုဒ်မ -၃၇၆ /၃၂၅/၃၂၄ တို့ဖြင့် တရားစွဲဆိုခဲ့ခြင်းဖြစ် သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly