ရွာအပြန် ချောင်းကို ဖြတ်ကူးစဉ် ကျောင်းသားများ ရေစီးနှင့်မျောပါပြီး ၁ ဦးသေဆုံး၊ ၃ ဦး ပျောက်ဆုံး

ရွာအပြန် ချောင်းကို ဖြတ်ကူးစဉ် ကျောင်းသားများ ရေစီးနှင့်မျောပါပြီး ၁ ဦးသေဆုံး၊ ၃ ဦး ပျောက်ဆုံး

ဆော ဇွန် ၈ ။             ။ ဂန့်ဂေါခရိုင် ၊ ဆောမြို့နယ်၊ သီးကုန်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်းတွင် လာရောက်ပညာ သင်ကြားလျှက်ရှိသည့် အသက် ၅ နှစ်အရွယ် ကလေးတစ်ဦးအပါအဝင် ကျောင်းသား၊ကျောင်းသူ ၆ ဦးနှင့် လာကြိုသူ အမျိုးသမီး ၁ ဦးတို့ ရေစီးနှင့်မျောပါသွားခဲ့ကြောင်း သိရသည်။

သီးကုန်းကျေးရွာနှင့် နှစ်မိုင်ခန့်အကွာ ချင်းပြည်နယ်၊ ကန်ပက်လက်မြို့ ကျလောင်ချောင်း ဖျားကျေးရွာမှ မူလတန်းကျောင်းသား ၄ ဦး၊ ကျောင်းသူ ၂ ဦး နှင့် ကလေးများကို လာကြိုသူ အမျိုးသမီး ၁ ဦး တို့ ဇွန် ရ ရက် နေ့ ညနေပိုင်းက သီးကုန်းကျေးရွာမှ ရွာသို့အပြန် ချုပ်ချောင်းကိုဖြတ်ကူးစဉ် ရေစီးနှင့် မျောပါသွားခဲ့ခြင်း ဖြစ်သည်။

ကလေးငယ် ၃ ဦးကို အသက်ရှင်လျှက်ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရပြီး ယနေ့ ဇွန်လ ၈ ရက်၊ နံနက် ၁၀ နာရီခွဲ ခန့်က တတိယတန်းကျောင်းသား မောင်နိုင်းလိန်းအလောင်း(၉ နှစ်)အား ဆောမြို့နယ်၊ လယ်ရင်းကျေးရွာအနီး ၆ ဖာလုံခန့်အကွာ၌ ရှာဖွေတွေ့ရှိခဲ့ပြီး ၅ နှစ်အရွယ် ကလေးတစ်ဦး အပါအဝင် ပျောက်ဆုံးသူ ၃ ဦး ကျန်ရှိနေသေးကြောင်း သိရသည်။

ယမန်နေ့က အဆိုပါရေစီးနှင့်မျောပါသည့် ရ ဦးတွင် ဇွန်လ ရ ရက်၊ ညနေ ၅ နာရီခွဲခန့်က သီးကုန်းကျေးရွာ သုသာန်အနီး ချောင်းစပ်ချုံပုတ်တွင်အဖ စတုတ္ထတန်းကျောင်းသူ မပန်မနား( ၁၀ နှစ်) ကို သီးကုန်းကျေးရွာနေ ဦးစိုးလွင်က နွားကျောင်းအပြန် အသက်ရှင်လျက် တွေ့ရှိခဲ့သည်။

ထို့နောက် အသက် ၉ နှစ်အရွယ် တတိယတန်းကျောင်းသား မောင်ပိုင်းဟုန်း နှင့် ၈ နှစ်အရွယ် ပထမတန်း ကျေ ာင်းသား မောင်ထန်းဟုန်းကို စတင်ရေကူးသည့်နေရာနှင့်   နှစ်ဖာလုံခန့်အကွာ ချောင်းစပ်ချုံပုတ်တွင် အဆိုပါနေ့ ညနေ ၆ နာရီခွဲခန့်ကအသက်ရှင်လျက်ပြန်လည်တွေ့ရှိခဲ့ရသည်။

ကျန်ရှိသည့် ၄ ဦးတွင် ကျောင်းသို့လာရောက်ကြိုသူ အသက် ၅၀ နှစ်အရွယ် ဒေါ်လေးဟုန် (အသက် ၅၀ ) နှင့် အဖ ဦးလိန်းထုံ၊ အမိဒေါ်လိုင်းထန်းတို့၏သားသမီးများဖြစ်သည့် တတိယတန်းကျောင်းသား မောင်နိုင်းလိန်း ( ၉ နှစ်- သေဆုံးတွေ့ရှိ) ၊ ၈ နှစ်အရွယ် ဒုတိယတန်းကျောင်းသား မောင်ထုံလိန်း ( ၈ နှစ်) နှင့် KG ကျောင်းသူ မလှူးလိန်း (၅ နှစ်) တို့အား ချောင်းရိုးတစ်လျှောက် ရှာဖွေလျက်ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly