မြောက်ကိုရီးယားနယ်စပ်နှင့် ချိတ်ဆက်သည့် မြန်နှုန်းမြင့် ရထားလမ်း တရုတ်ဖွင့်လှစ်မည်

မြောက်ကိုရီးယားနယ်စပ်နှင့် ချိတ်ဆက်သည့် မြန်နှုန်းမြင့် ရထားလမ်း တရုတ်ဖွင့်လှစ်မည်

မြောက်ကိုရီးယားနယ်စပ်နှင့် ချိတ်ဆက်မည့် မြန်နှုန်းမြင့်  ရထားလမ်းတစ်ခုကို စက်တင်ဘာ ၁ ရက်နေ့တွင် တရုတ်က ဖွင့်လှစ်မည်ဟု နိုင်ငံပိုင်သတင်းအေဂျင်စီ ရှင်ဟွာက အစီရင်ခံခဲ့သည်။ နှစ်နိုင်ငံကြား တင်းမာမှုများရှိနေသော်လည်း စီးပွားရေးဆက်ဆံမှုမြင့်တင်ရန်ကြိုးပမ်းမှုတွင် နောက်ဆုံးဖြစ်စဉ်ဖြစ်သည်။

၂၀၁၀ပြည့်နှစ်ကတည်းက ဆောက်လုပ်နေသော ယင်းရထားလမ်းသည် ရှန်ယန်းမြို့မှ တန်တောင်းနယ်စပ်မြို့ထိ ၁၂၇မိုင်အကွာအဝေးကို ပြေးဆွဲမည်ဖြစ်ပြီး သုံးနာရီခွဲသွားရသည့် ခရီးကို တစ်နာရီကျော် သာသွားရမည်ဖြစ်သည်။

တရုတ်နှင့် မြောက်ကိုရီးယားကြား ကုန်သွယ်ရေး၏ ၈၀ရာခိုင်နှုန်းကို တန်တောင်းမှဖြတ်သွားရပြီး တန်တောင်းသည် ဟွန်ဂမ်ပျောင်ကျွန်းပေါ်ရှိ မြောက်ကိုရီးယား၏ အထူးစီးပွားရေးဇုန်များအနက် တစ်ခု၏ အနီးတွင်ရှိသည်။ တရုတ်ကမြောက်ကိုရီးယားရှိ အထူးစီးပွားရေးဇုန်သုံးခုဖွံ့ဖြိုးရေးကို အားပေးလျက်ရှိသည်။ ယင်းသို့ အားပေးခြင်းမှာ လုပ်အားခနည်းပါးမှုကို အသုံးချရန်နှင့် စီးပွားရေးပြုပြင်ပြောင်းလဲခြင်း ၏အကျိုး ကိုမြောက်ကိုရီးယားမြင်နိုင် ရန်ဖြစ်သည်။

စီးပွားရေးဇုန်သစ်များတွင် တိုးတက်မှုလက္ခဏာမရှိသေးသော်လည်း တန်တောင်းမှ မြောက်ကိုရီးယားဘက်သို့ တံတားတစ်ခု ဆောက်လုပ်ခြင်းအပါအဝင် ၎င်း၏ နယ်ဘက်တွင် အခြေခံအဆောက်အအုံ တိုးတက်ရန် တရုတ်က ဆက်လက်ကြိုးပမ်းလျက်ရှိသည်။ မကြာသေးမီနှစ်များအတွင်း တရုတ်နှင့် မြောက်ကိုရီးယားကြား ဆက်ဆံရေးတင်းမာလျက်ရှိစဉ် တရုတ်သည် အာရှ၏ စတုတ္ထအကြီးဆုံး စီးပွားရေးနှင့်မြောက်ကိုရီးယား၏ ပြိုင်ဘက် တောင်ကိုရီးယားနှင့် ဆက်ဆံရေးပိုမိုနီးကပ်လာခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly