ဘရာဇီး၌ စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ မူးယစ်နှိမ်နင်းမှုစစ်ဆင်ရေးအတွင်း လူ ၁ဦးသေဆုံးပြီး ၁၀ ဦးအဖမ်းခံရ

ဘရာဇီး၌ စစ်တပ်နှင့်ရဲတပ်ဖွဲ့၏ မူးယစ်နှိမ်နင်းမှုစစ်ဆင်ရေးအတွင်း လူ ၁ဦးသေဆုံးပြီး ၁၀ ဦးအဖမ်းခံရ

 

ရီယိုဒီဂျနေးရိုး၊ ဇွန် ၈ ။                            ။ ဘရာဇီးနိုင်ငံ ရီယိုဒီဂျနေးရိုးမြို့တွင် စစ်သားများနှင့် မြို့နယ် ၆ မြို့နယ်မှ ရဲတပ်ဖွဲ့တို့ပူးပေါင်းပြီး အင်အား ၅၄၀၀ နှင့်ဆောင်ရွက်ခဲ့သော မူးယစ်ဆေးဝါးနှိမ်နင်းမှုစစ်ဆင်ရေးအတွင်း လူတစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၀ ဦးခန့် အဖမ်းခံခဲ့ရကြောင်း တာဝန်ရှိသူများက ကြာသာပတေးနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

ရီယိုဒီဂျနေးရိုးမြို့၌ လွန်ခဲ့သော ၂၀၁၆ ခုနှစ် အိုလံပစ်အားကစားပွဲကျင်းပစဉ်ကတည်းက လုံခြံုရေးအတွက် သမ္မတမိုက်ကယ်တီးမား၏အမိန့်အရ မြို့အတွင်း၌ စစ်အင်အားတပ်ဖြန့်ချထားခဲ့ကာ ယခုလုပ်ဆောင်ခဲ့သည့် မူးယစ်နှိမ်နင်းမှုစစ်ဆင်ရေးအတွင်း စစ်သား ၄၆၀၀ နှင့် ရဲအင်အား ရ၇၀ ခန့် ပါ၀င်ခဲ့သည်။

ကြာသာပတေးနေ့ နေ့လည်ပိုင်းက စတင်ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးအတွင်း လက်နက်ကိုင် လူမိုက်ဂိုဏ်း များမှ အဖွဲ့ဝင်ဂိုဏ်းသား ၁၀ ဦးကို ဖမ်းမိခဲ့ပြီး ၄င်းတို့၏ ပစ္စတိုများ၊ လက်ပစ်ဗုံးများ၊ ကျည်ကာများ၊ စကားပြော စက်များနှင့် မူးယစ်ဆေးဝါးအများအပြားကို သိမ်းဆည်းရမိခဲ့သည်။

အရှေ့ပိုင်းစစ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ စစ်သားများသည် မြို့နယ် ၆ မြို့နယ် နယ်နမိတ်အတွင်းရှိ ယာဉ်များနှင့် လူများကို အသေးစိတ်ရှာဖွေစစ်ဆေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ဒါ့အပြင် စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များကို ကာကွယ်ရန်အတွက် ကျည်ကာယာဉ်များနှင့် လေကြောင်းအကူအညီများလည်း ရယူခဲ့ ကြောင်း သိရသည်။

သမ္မတတီးမားက ရီယို၌ လုံခြံုရေးဆောင်ရွက်မှုများလုပ်ဆောင်ရန် သဘောတူလက်မှတ်ရေးထိုးခဲ့ပြီးနောက် တွင် ဘရာဇီးစစ်တပ်သည် မြို့နယ်များ၊ အကျဉ်းထောင်များကို ရှာဖွေစီးနင်းမှုများ၊ စစ်ဆေးမှုများ လုပ်ဆောင်ခဲ့ သလို ပြည်နယ်အတွင်းနှင့် မြို့နယ်ရဲတပ်ဖွဲ့များ၌ ခေါင်းဆောင်အသစ်များ ခန့်ထားခြင်းကို ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်တပ်မှ လုံခြံုရေးအတွက် စစ်ဆင်ရေးအများအပြား ဆောင်ရွက်နေသေ်ာလည်း အကြမ်းဖက်ဖြစ်စဉ်များ မှာ ရပ်တန့်သွားခြင်းမရှိသလို လွန်ခဲ့သောမတ်လကလည်း မာရီလီဖရန်ကိုဆိုသည့် ကောင်စီအဖွဲ့ဝင်အမျိုးသမီး ပစ်သတ်ခံရသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့သည်။

ပြီးခဲ့သောနှစ်က ရီယိုပြည်နယ်အတွင်း၌ ရာဇဝတ်မှုများ၊ အကြမ်းဖက်မှုများကြောင့် ရဲတပ်သား ၁၀၀ နှင့် ကလေးငယ် ၁၀ ဦးအပါအဝင် လူပေါင်း ၆၇၃၁ ဦးခန့် သေဆုံးခဲ့ရသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required