တရုတ်၏ စစ်ရေးပြချီတက်ပွဲသို့ သွားရန် ဘန်ကီမွန် စီစဉ်ထားမှု ကုလသို့ ဂျပန်ကန့်ကွက်ပြောကြား

တရုတ်၏ စစ်ရေးပြချီတက်ပွဲသို့ သွားရန် ဘန်ကီမွန် စီစဉ်ထားမှု ကုလသို့ ဂျပန်ကန့်ကွက်ပြောကြား

ဒုတိယကမ္ဘာစစ်တွင် ဂျပန်တို့အပေါ် စစ်အောင်နိုင်မှု နှစ် ၇၀မြောက်နှစ်ပတ်လည် အထိမ်းအမှတ်အဖြစ် ပေကျင်းတွင် ပြုလုပ်မည့် ကြီးမားသည့် စစ်ရေးပြပွဲကြီးသို့ တက်ရောက်မည့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်၏ အစီအစဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂသို့ ကန့်ကွက်ပြောကြားခဲ့သည်ဟု ဂျပန်က ထုတ်ပြန်ခဲ့သည်။

သြဂုတ် ၂၈က အဖွဲ့ဝင် ၁၉၃နိုင်ငံရှိ ကုလသမဂ္ဂသို့ ကန့်ကွက်ပြောကြားမှုတစ်ခုကို တိုကျိုက ထုတ်ပြန်ပြီးနောက် ကုလအနေဖြင့် ကြားနေရန် ဂျပန်ထိပ်တန်းအစိုးရပြောခွင့်ရပုဂ္ဂိုလ် ဟိုရှီဟီဒေးဆူဂါ ကတောင်းဆိုခဲ့သည်။

" အဖွဲ့ဝင်နိုင်ငံတွေအနေနဲ့ အနာဂတ်ကို ကြည့်ဖို့ အားပေးချင်ပါတယ်။ အတိတ်က သီးခြားဖြစ်ရပ်တွေအပေါ် မလိုအပ်ဘဲ အာရုံမစိုက်စေချင်ပါဘူး "ဟု ဆူဂါက သြဂုတ် ၃၁က သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် ပြောကြားခဲ့သည်။

တရုတ်၏ စစ်ရေးပြပွဲကို စက်တင်ဘာ ၃ တွင်ပြုလုပ်ရန် စီစဉ်ထားပြီး ယင်းပွဲမှာ ဒေသတွင်း ပိုမိုအယုံကြည်လွန်သည့် ရပ်တည်ချက်ရှိလာစဉ် အင်အားပြသည့် ပွဲတစ်ပွဲလည်းဖြစ်သည်။ ယင်းပြပွဲတွင် စစ်သား ၁၂,၀၀၀နှင့် လက်နက် ၅၀၀လည်း တီယန်နာမန်ရင်ပြင်ထဲသို့ ဝင်လာမည်ဖြစ်သည်။ ထို့အပြင် လေယာဉ် အစင်း ၂၀၀လည်း ယင်း၏ ကောင်းကင်ယံတွင် ဝဲပျံနေမည်ဖြစ်သည်။

စစ်ရေးပြပွဲသို့ တက်ရောက်မည့်သူများ စာရင်းတွင် နိုင်ငံတော်နှင့် အစိုးရ အကြီးအကဲ နှစ်ဒါဇင်ကို တရုတ်အရာရှိများက စာရင်းသွင်းထားသည်။ တက်ရောက်မည့်သူများတွင် ရုရှသမ္မတ ဗလာဒီမာပူတင် ၊တောင်ကိုရီးယားသမ္မတ ပတ်ဂွန်ဟေးနှင့် တောင်အာဖရိကသမ္မတဂျက်ကော့ဇူးမားတို့ပါဝင်သည်။ ယင်းတို့အထဲတွင် ကုလ အတွင်းရေးမှူးချုပ်ဘန်ကီမွန်းလည်းပါဝင်သည်။

ဂျပန်၏စစ်ရေးကို ချဲ့ထွင်ရန် အငြင်းပွားဖွယ် ကြိုးပမ်းမှုကြောင့် ပြည်တွင်းတွင် အတိုက်အခံများကြောင့် စစ်ရေးပြပွဲအချိန်တွင် တရုတ်သို့ ၎င်း၏ခရီးစဉ်ကို ရွှေ့ဆိုင်းရန် ဆုံးဖြတ်ခဲ့သည်ဟု အစောပိုင်းက တိုကျိုက ပြောကြားခဲ့သည်။ သို့သော်လည်း အစိုးရသည် စစ်ရေးပြပွဲတွင် ဂျပန်ဆန့်ကျင်ရေးစိတ်ဓါတ်များဖြစ်ပေါ်လာမည်ကို အစိုးရက စိုးရိမ်နေခဲ့သည်ဟု ပြည်တွင်းမီဒီယာများက ရေးသားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required