ပေါ်တိုအသင်း ညာနောက်ခံလူ ဒါလော့ကို ပေါင် ၁၉ သန်းဖြင့် မန်ယူအသင်း ခေါ်ယူ

ပေါ်တိုအသင်း ညာနောက်ခံလူ ဒါလော့ကို ပေါင် ၁၉ သန်းဖြင့် မန်ယူအသင်း ခေါ်ယူ

မန်ချက်စတာယူနိုက်အသင်းဟာ “ဥရောပရဲ့ အကောင်းဆုံး လူငယ်နောက်ခံလူ” ဒီယာဂို ဒါလော့ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့တယ်လို့ နည်းပြ ဟိုဆေးမော်ရင်ဟိုက ပြောပါတယ်။

မန်ယူအသင်းဟာ အသက် ၁၉ နှစ်အရွယ် ပေါ်တူဂီလူငယ်နောက်ခံလူကို ပြောင်းရွှေ့ကြေး ပေါင် ၁၉ သန်းနဲ့ ၅ နှစ်စာချုပ်ပြီး ပေါ်တိုအသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ဒါလော့ဟာ ပေါ်တူဂီ လူငယ်အသင်း ယူ ၁၅ နှစ်အောက်မှ ယူ ၂၁ နှစ်အောက်အသင်းတွေမှာ ကစားခဲ့ပြီး ပေါ်တိုအသင်းနဲ့ ပွဲဦးထွက်ကိုမူ အောက်တိုဘာလက ကစားခဲ့ပါတယ်။

ဒါလော့ဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ် ရှုံးထွက် ၁၆ သင်းအဆင့် လီဗာပူးလ်ကို ၀-၀ ဂိုးနဲ့ သရေကျတဲ့ပွဲမှာ ပေါ်တိုအသင်းအတွက် ဘယ်နောက်ခံလူ နေရာကနေ ပါဝင်ကစားခဲ့ပါတယ်။

သူဟာ မန်ယူမှာ အသင်းခေါင်းဆောင် အန်တိုနီယို ဗလင်စီယာနဲ့ နေရာ အပြိုင်လုရဖွယ်ရှိနေတယ်လို့ ခန့်မှန်းထားပါတယ်။

ဒါလော့ဟာ ဘရာဇီးလ်ကစားသမား ဖရက်ဒ်ပြီးနောက် မန်ယူအသင်း ဒုတိယမြောက်ခေါ်ယူတဲ့ ကစားသမားလည်းဖြစ်ပါတယ်။

Ref; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required