ပြင်ဦးလွင်တွင် တပ်မတော်အရာရှိအား စကေဘာဖြင့်ထိုးမှု ကျူးလွန်သူများအား ဖမ်းဆီးရမိ

ပြင်ဦးလွင်တွင် တပ်မတော်အရာရှိအား စကေဘာဖြင့်ထိုးမှု ကျူးလွန်သူများအား ဖမ်းဆီးရမိ

ဇွန် ၆ ၊ မန္တလေး ။             ။ ပြင်ဦးလွင်တွင် တပ်မတော်အရာရှိအား စကေဘာဖြင့်ထိုးမှု တွင် ကျူးလွန်သူ လူငယ် ရ ဦးအား ဖမ်းဆီးရမိထားတယ်လို့ ပြင်ဦးလွင်မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့၊ည ၁၀ နာရီခန့်က ပြင်ဦးလွင်မြို့၊ ရပ်​ကွက်​ကြီး ၅၊  စန္ဒာမြိ်ုင်လမ်​း မှာ ခွဲစိတ်ပါရဂူ ဒုတိယဗိုလ်မှူးကြီး မိုးမြတ်အောင်အား စကေဘာနဲ့ထိုးပြီး ထွက်ပြေးသွားတဲ့ တရားခံလို့ သံသယရှိသူတွေကို ဇွန်လ ၆ ရက် ညပိုင်းက ဖမ်းဆီးရမိခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဒုတိယဗိုလ်​မှူးကြီးမိုးမြတ်​​အောင်​ ​မောင်​းနှင်​လာတဲ့ ကား​နဲ့ ဆိုင်ကယ်စတန့်ပြုလုပ်နေတဲ့ ဆိုင်ကယ်နဲ့ပွတ်တိုက်မိရာကနေ ဆိုင်ကယ်သမားလူငယ် ရ ဦးက စကေဘာနဲ့ထိုးခဲ့ခြင်းဖြစ်ပါတယ်။

"သံသယရှိသူ ရှစ်ဦးထဲက မ​နေ့ညက  ရ ဦး ဖမ်းဆီးထားပြီးဖြစ်တယ်"လို့ မြို့နယ်ရဲတပ်ဖွဲ့မှ တာဝန်မှူးကပြောပါတယ်။

ဖမ်းဆီးရမိထားတဲ့ နေလင်းဖြိုး၊ သန့်ဇေယျာအောင်၊ ချစ်ကို၊ဇေယျာဖြိုး၊ ပေါက်စ(ခ)အန့်မော်ကွန်း၊ ကောင်းမြတ်ပိုင် တို့ကို စစ်ဆေးနေပြီး ပြင်ဦးလွင်မြို့မရဲစခန်းမှာ (ပ) ၁၂၇/၂၀၁၈ ၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၂၆/၁၁၄ အရ အမှုဖွင့်ထားပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required