ဧရာဝတီတိုင်း လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်မှု ကြားနေမဲကြောင့် ရက်ရွှေ့ခဲ့ရ

ဧရာဝတီတိုင်း လုံခြံုရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်မှု ကြားနေမဲကြောင့် ရက်ရွှေ့ခဲ့ရ

ပုသိမ်၊ သြဂုတ် ၃၁ ။       ။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ခန့်အပ်မှုကို ရေကြည်မြို့နယ်တိုင်းဒေသကြီး ကိုယ်စားလှယ်ဒေါက်တာလှမြတ်သွေး၏ ကြားနေမဲကြောင့် တိုင်းဒေသကြီးလွှတ်တော်တွင် ရက်ရွှေ့ဆိုင်းခဲ့ရသည်။

လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနေရာအတွက် တိုင်းဝန်ကြီးချုပ် ဦးသိန်းအောင်က တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးကြီးကျော်စွာလှိုင်အား ခန့်အပ်ရန် တိုင်းဒေသကြီးလွှတ်တော် ပထမအကြိမ်ပုံမှန်အစည်းအဝေး ၁၃ ကြိမ်မြောက်တွင် အမည်စာရင်းတင်သွင်းခြင်း ဖြစ်သည်။

လွှတ်တော်သဘောထားရယူရာတွင် တိုင်းဒေကြီးလွှတ်တော်မှ ရေကြည်မြို့နယ် တိုင်းဒေသကြီးကိုယ်စားလှယ် ဒေါက်တာလှမြတ်သွေးက “ ကျွန်မအနေနဲ့ တစ်ခုလောက်ပြောပါရစေ။ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအဖြစ် တင်သွင်းခံရတဲ့ဗိုလ်မှူးကြီးကျော်စွာလှိုင်ကို ယခု လွှတ်တော်မစခင် သိရပါတယ်။ ကျွန်မ အနေနဲ့      ကန့်ကွက်ခြင်း၊ ထောက်ခံခြင်းမရှိပါဘူး။ လုံလောက်သော အချိန်နှင့် သတင်းအချက်အလက် မရှိတော့ ကျွန်မ ကြားနေပါတယ်” ဟု လွှတ်တော် ပုံမှန်အစည်းအဝေးတွင် ဆွေးနွေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ပထမပုံမှန်အစည်းအဝေးတွင် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးခန့်အပ်ရန် သဘောထားရယူမှုကို ရပ်ဆိုင်းပြီး လွှတ်တော် ၁၃ ကြိမ်မြောက်အစည်းအဝေးတွင် ဆက်လက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း လွှတ်တော်ဥက္ကဋ္ဌ က လွှတ်တော်သို့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးဗိုလ်မှူးကြီးမောင်မောင်ဝင်းမှာ  လေးမျက်နှာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဝင်ရောက်အရွေးခံရန် သြဂုတ်လ ၁၃ ရက်တွင် နှုတ်ထွက်သွားခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly