ရုပ်ရှင်ဇာတ်ကားအသစ်၌ သရုပ်ဆောင်ရန်ပြင်ဆင်နေသည့် မင်းသားကြီး လီဗြောင်ဟွန်း

ရုပ်ရှင်ဇာတ်ကားအသစ်၌ သရုပ်ဆောင်ရန်ပြင်ဆင်နေသည့် မင်းသားကြီး လီဗြောင်ဟွန်း

ကမ္ဘာတစ်ဝန်းလူသိများသည့် တောင်ကိုရီးယားမှ နာမည်ကြီးဝါရင့် မင်းသားတစ်လက်ဖြစ်သော လီဗြောင်ဟွန်း သည် ရုပ်ရှင်ဇာတ်ကားအသစ်တစ်ခု ရိုက်ကူးရန် ပြင်ဆင်လျက်ရှိသည်။

ဇွန်လ ၅ ရက်နေ့တွင် သူ၏ အေဂျင်စီဖြစ်သော BH Entertainment က “ လီဗြောင်ဟွန်းဟာ Heads of Namsan ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားမှာ ပါ၀င်သရုပ်ဆောင်ဖို့ အလေးအနက်စဉ်းစားနေပါတယ်” ဟု သတင်း ထုတ်ပြန်ခဲ့သည်။

Heads of Namsan သည် နာမည်ကြီးဝတ္ထုတစ်ပုဒ်၏ ခေါင်းစဉ်ဖြစ်ကာ ယင်းဝတ္ထုကို ရုပ်ရှင်အဖြစ် အသက်သွင်းရန် ပြင်ဆင်နေခြင်းဖြစ်ပြီး လီဗြောင်ဟွန်းကို ကင်မ်ဂျေးဂု ဆိုသော ဇာတ်ကောင်နေရာ၌ ပါ၀င်သရုပ်ဆောင်ပေးဖို့ ကမ်းလှမ်းထားကြောင်း သိရသည်။

ယင်းဇာတ်ကားကို ဒါရိုက်တာ ၀ူးမင်ဟိုက ရိုက်ကူးမည်ဖြစ်ပြီး ထိုဒါရိုက်တာနှင့် လီဗြောင်ဟွန်းတို့သည် Inside Men ဆိုသော နာမည်ကြီးရုပ်ရှင်၌လည်း အတူလက်တွဲခဲ့ကြဖူးသည်။ အကယ်၍ လီဗြောင်ဟွန်းအနေဖြင့် ပါ၀င်သရုပ်ဆောင်ဖို့ သဘောတူညီခဲ့ပါက သူတို့နှစ်ဦးအနေဖြင့် ဒုတိယအကြိမ်မြောက် ထပ်မံလက်တွဲခြင်း ဖြစ်လာမည် ဖြစ်သည်။

လီဗြောင်ဟွန်းသည် Mr.Sunshine ဆိုသော ဒရာမာဇာတ်လမ်းတွဲ၌လည်း လတ်တလော ပါ၀င်သရုပ်ဆောင် ထားပြီး ယင်းဇာတ်လမ်းတွဲကို လာမည့်ဇူလိုင်လတွင် ထုတ်လွှင့်ပြသသွားရန် စီစဉ်ထားသည်။

Ref: Soompi

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly