ဧရာဝတီတိုင်းတွင် အင်န်အယ်ဒီကို ပုတ်ခတ်သည့် စာများ ဝေငှခဲ့

ဧရာဝတီတိုင်းတွင် အင်န်အယ်ဒီကို ပုတ်ခတ်သည့် စာများ ဝေငှခဲ့

ပုသိမ်၊ သြဂုတ် ၃၁ ။           ။ ဧရာဝတီတိုင်းဒေသကြီး၊ မြို့နယ် ၆ မြို့နယ်တွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို ပုတ်ခတ်ရေးသားထား သည့် စာဝေငှမှုများကို ဆက်လက်စိစစ်တွေ့ရှိပါက ဥပဒေအရ တရားစွဲဆိုသွားမည်ဖြစ်ကြောင်း အမျိုးသား ဒီမို    ကရေစီအဖွဲ့ချုပ်၊ ဧရာဝတီတိုင်း ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့် က သြဂုတ်လ ၃၁ ရက်က တိုင်းရုံး၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောသည်။

“စာဝေတာတွေ မြို့တွေမှာ လုပ်တယ်။ မြောင်းမြမြို့မှာ တရားစွဲထားတယ်။ စာဝေတာတွေကို သက်ဆိုင်ရာကော်မရှင်တွေတိုင်တော့ သူတို့မှာ လုပ်ပိုင်ခွင့်မရှိဘူး ပြောတယ်။ ဝေတာ သိရင် အမှုဖွင့် အရေး ယူသွားမှာ” ဟု ဧရာဝတီတိုင်း ဥက္ကဋ္ဌ ဒေါက်တာမျိုးညွန့်က မီဒီယာများကို ပြောသည်။

“စာဝေတဲ့မြို့တွေထဲမှာ ပုသိမ် ထူးခြားတယ်။ နိုင်ငံရေးပါတီကြီးတစ်ခု ဝင်းထဲမှာ NLD ပုတ်ခတ်ရေးသားထားတဲ့ စာ ၃၁ ထုတ် ရှိတယ်လို့ ကြားတယ်” ဟု ၎င်းက ပြောသည်။

“အခု ရွေးကောက်ပွဲ ကျင်းပခါနီးမှာ ပါတီတွေ ဘာသာရေးကို ခုတုံးလုပ်ပြီး မဲပေးအောင်၊ မပေးအောင် မလုပ်ရဘူးဆိုတာ ရှိတယ်။ ကော်မရှင် တိုင်တော့ ဘာမှ မလုပ်ပေးဘူးဆိုတဲ့အပေါ်မှာ ဒိုင်လုပ်မယ့်ကော်မရှင်တွေအပေါ် မေးခွန်းထုတ်စရာ ဖြစ်တယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့မှ တိုင်းဥက္ကဋ္ဌဒေါက်တာမျိုးညွန့် က  မီဒီယာများနှင့် တေ့ွဆုံစဉ် ကော်မရှင်အား မေးခွန်းထုတ်လိုက်သည်။

“ဝေတဲ့ စာထဲမှာတော့ NLD နိုင်သွားရင် ဗုဒ္ဓဘာသာအဖြစ်ကနေ လျော့ကျသွားမယ်” ဆိုပြီးပုတ်ခတ်ရေးသားထားကြောင်း ဒေါက်တာမျိုးညွန့်က ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ပုတ်ခတ်ရေးသားထားသော စာများကို ပုသိမ်၊မြောင်းမြ၊ ဟင်္သာတ၊ ညောင်တုန်း၊ လေးမျက်နှာနှင့် ရေကြည်မြို့များတွင် ဝေသွားကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly