သွင်းကုန်အခွန်ကောက်ခံမှု အမေရိကန်နှင့် မက္ကစီကိုတို့ဆွေးနွေး

သွင်းကုန်အခွန်ကောက်ခံမှု အမေရိကန်နှင့် မက္ကစီကိုတို့ဆွေးနွေး

၀ါရှင်တန်၊ ဇွန် ၆ ။                                 ။ မက္ကစီကိုနိုင်ငံခြားရေးဝန်ကြီး လုဇ်ဗီဒီဂါရေးနှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ခ်ပွန်ပေတို့သည်  မက္ကစီကို၏ပို့ကုန်များအပေါ် သွင်းကုန်အခွန်   ပြန်လည်စည်းကြပ်ကောက်ခံမည့် အမေရိကန်အစိုးရ၏ ဆုံးဖြတ်ချက်နှင့်ပက်သက်၍ အင်္ဂါနေ့တွင် တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ နိုင်ငံခြားရေးဝန်ကြီးနှစ်ဦးသည် မက္ကစီကို၏ သံမဏိ နှင့် အလူမီနီယံပို့ကုန်များအပေါ် သွင်းကုန်အခွန်ကောက်ခံမည့် အိမ်ဖြူတော်အစိုးရ၏ ဆုံးဖြတ်ချက်နှင့် ပက်သက်၍ ဆွေးနွေးပြောဆိုခဲ့ကြကြောင်း သိရသည်။

၁၉၉၄ မြောက်အမေရိကန် လွတ်လပ်စွာကုန်သွယ်ရေးသဘောတူညီချက် (NAFTA) ကို ခေတ်နှင့်အညီ ပြန်လည်မွန်းမံဖို့ စေ့စပ်ညှိုနှိုင်းမှုများ ပြုလုပ်နေစဉ်တွင် အမေရိကန်အစိုးရဘက်မှ အခွန်ကောက်ခံမည့် ဆုံးဖြတ်ချက်ကြောင့်  စိုးရိမ်မှုများ မြင့်တက်လာခဲ့ရသည်။

သို့သော်လည်း မိုက်ခ်ပွန်ပေနှင့် ဗီဒီဂါရေးတို့သည် NAFTA သဘောတူညီချက်ကို ပြန်လည်မွန်းမံခြင်းအား အပြီးသတ်ဖို့ သဘောတူညီခဲ့ကြကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်ထဲ၌ ဖော်ပြထားသည်။

ဒါ့အပြင် နှစ်ဖက်မှခေါင်းဆောင်နှစ်ဦးသည် အမေရိကန်ပြည်ထောင်စုအတွင်းသို့ ပုံမှန်မဟုတ်သော ရွှေ့ပြောင်း နေထိုင်သူများနှင့် မူးယစ်ဆေးဝါးများ စီးဆင်းဝင်ရောက်လာမှုအား ပိတ်ဆို့ထားနိုင်ဖို့ နှစ်နိုင်ငံကြားပူးပေါင်း ဆောင်ရွက်ချက်များ လိုအပ်ကြောင်းလည်း ဆွေးနွေးပြောဆိုခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required