အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း ကတော် လာရောက်သက်သေထွက်ဆို

အဂတိလိုက်စားမှု စုံစမ်းစစ်ဆေးမှုတွင် မလေးရှားဝန်ကြီးချုပ်ဟောင်း ကတော် လာရောက်သက်သေထွက်ဆို

ကွာလာလမ်ပူ၊ ဇွန် ၅ ။           ။ မလေးရှားနိုင်ငံက နိုင်ငံပိုင်ရင်းနှီးမြုပ်နှံမှုလုပ်ငန်း 1MDB က အကျင့်ပျက်ခြစားမှု စွပ်စွဲချက်အား စစ်ဆေးလျက်ရှိသည့် အကျင့်ပျက်ခြစားမှု တို်က်ဖျက်ရေး ကော်မရှင်၏ ရှေ့မှောက်တွင် မလေးရှား ယခင် first lady ဟောင်းက ဇွန် ၅ ရက်တွင် လာရောက်သက်သေထွက်ဆို အစစ်ခံသည်။

ဝန်ကြီးချုပ်ဟောင်း နာဂျစ်ရာဇတ်၏ ဇနီးဖြစ်သူ ရို့စ်မတ်မန်ဆာ၏ ရှေ့နေများက လေးနာရီကြာ စစ်ဆေးမေးမြန်းမှုအတွင်း ရို့စ်မတ်သည် စုံစမ်းရေးအာဏာပိုင်များနှင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ခဲ့သည်ဟု ပြောကြောင်း အီးပီအေက ရရှိသည့် ထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

“ရုံးတော် စစ်ဆေးမှုမှာ ရို့စ်မတ်ဟာ အစွမ်းကုန် ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ စုံစမ်းရေးအရာရှိတွေကလည်း ကောင်းမွန်စွာ ဆက်ဆံခဲ့တယ်။”ဟု ရှေ့နေများဖြစ်သည့် ရမ်ဗင်ဆင့်နှင့် ကူမာရန်းဒရန်တို့က ဆိုသည်။

“သုံးနာရီကျော်ကြာ စစ်ဆေးမှုက အားလုံးအဆင်ပြေချောမောပါတယ်။ ကျွန်တော်တို့ရဲ့ အမှုသည် ရို့စ်မတ်ကလည်း ကော်မရှင်က နောက်ထပ် ထပ်ခေါ်မေးမြန်းရင်လည်း ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိပါတယ်။”ဟု ၎င်းတို့က ဖြည့်စွက်ပြောသည်။

မေ ၉ ရက် ရွေးကောက်ပွဲတွင် ရှုံးနိမ့်ခဲ့ရပြီး ရက်ပိုင်းအတွင်း ဝန်ကြီးချုပ်ဟောင်း နာဂျစ်အား ခေါ်ယူစစ်မေးပြီးနောက် ယခုအခါ ၎င်း၏ ဇနီးဖြစ်သူကို သမ္မန်ဆင့်ခေါ် ခေါ်ယူမေးမြန်းစစ်ဆေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required