အမျိုးသမီးတစ်ဦးကို နှုတ်ခမ်းချင်း နမ်းခိုင်း၍ ဒူတာတေး ဝေဖန်ခံနေရ

အမျိုးသမီးတစ်ဦးကို နှုတ်ခမ်းချင်း နမ်းခိုင်း၍ ဒူတာတေး ဝေဖန်ခံနေရ

 

ဆိုးလ်၊ ဇွန် ၄ ။        ။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က အခမ်းအနားတစ်ရပ်တွင် ဖိလစ်ပိုင်အမျိုးသမီးတစ်ဦးအား သမ္မတ ဒူတာတေးက ၎င်းနှင့် နှုတ်ခမ်းချင်း တေ့နမ်းသည့် ဗီဒီယို လူမှုမီဒီယာတွင် ပျံ့နှံ့ပြီးနောက် ဝေဖန်မှုများ ထွက်ပေါ်လာခဲ့သည်။

ပြည်ပရောက် ဖိလစ်ပိုင်ပြည်သူများနှင့် ဇွန် ၃ ရက်က တွေ့ဆုံမှု အခမ်းအနားတွင် ဒူတာတေးက စာအုပ်လက်ဆောင်ပေးရန် စင်မြင့်သို့ အမျိုးသမီးနှစ်ဦးကို ဖိတ်ခေါ်ခဲ့ပြီး ၎င်းတို့မှ တစ်ဦးအား သူ့ နှုတ်ခမ်းကို နမ်းခိုင်းရာ အဆိုပါ အမျိုးသမီးမှာ အနည်းငယ် တွန့်ဆုတ်ဟန်ဖြင့် လိုက်လျောနမ်းပေးခဲ့ရသည်။

တစ်ဦးသော အမျိုးသမီးမှာ နမ်းခိုင်းသည့် ဒူတာတေးကို ပါးအား နမ်းလိုက်ပုံရပြီး ကျန်တစ်ဦးကမူ နှုတ်ခမ်းကို နမ်းခိုင်းသဖြင့် နမ်းလိုက်ရခြင်းပဲ ဖြစ်သည်။ ထိုသို့ နမ်းပြီးနောက် ပရိသတ်များ၏ သြဘာပေးလက်ခုပ်သံများကြား ဒူတာတေးက ထိုအမျိုးသမီးဖြစ်သူကို ပွေ့ဖက်ပေးခဲ့ခြင်းအား ဖိလစ်ပိုင်အစိုးရ ရုပ်မြင့်သံကြားနက်ဝက်ဂ် PTV4 က ထုတ်လွှင့်ပြသည်။

သို့သော် ဖိလစ်ပိုင်အစိုးရ၏ အဆိုပါ ပွဲအား ထုတ်လွှင့်ပြသည့် ဗီဒီယိုတွင် ထိုသို့ နမ်းသည့် အခိုက်အတန့်ကာလအား ပြသခြင်း မရှိပေ။

အဆိုပါ ဗီဒီယိုကြောင့် လူမှုမီဒီယာတွင် အမျိုးမျိုးသော တုံ့ပြန်မှုများ ပေါ်ပေါက်ပြီး တစ်ချို့က ဒူတာတေးသည် အာဏာကို အလွဲသုံးကာ အမျိုးသမီးများအားလည်း မလေးမစား ဆက်ဆံသည်ဟု စွပ်စွဲပြောဆိုကြသည်။

တောင်ကိုရီးယားသမ္မတ မွန်ဂျေအင်းနှင့် တွေ့ဆုံခဲ့သည့် ခရီးစဉ် သုံးရက်တာအဖြစ် ဇွန် ၃ ရက်က သမ္မတဒူတာတေး တောင်ကိုရီးယားသို့ ရောက်ရှိခြင်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required