ရန်ကုန်ကလေးဆေးရုံကြီးတွင် ကင်ဆာရောဂါခံစားနေရသူ အမြဲတမ်း ကလေးလူနာ ၁ဝဝဝ ကျော်ရှိ

ရန်ကုန်ကလေးဆေးရုံကြီးတွင် ကင်ဆာရောဂါခံစားနေရသူ အမြဲတမ်း ကလေးလူနာ ၁ဝဝဝ ကျော်ရှိ

ရန်ကုန်၊ ဇွန်လ ၃ ။               ။ ရန်ကုန်ကလေးဆေးရုံကြီးတွင် ကုသပေးနေသည့် ကင်ဆာရောဂါခံစားနေရသူ အမြဲတမ်းကလေးလူနာ ဦးရေ ၁ဝဝဝ ကျော်ရှိကြောင်း သွေးရောဂါနှင့် ကင်ဆာရောဂါကုသဆောင်မှ ကလေးအထူးကုဆရာဝန် ပါမောက္ခ ဒေါက်တာ ဒေါ်အေးအေးခိုင်ကပြောသည်။

ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်အတွင်း ကင်ဆာရောဂါခံစားနေသူ လူနာကလေးဦးရေအသစ် ၃၅ဝ ထိတိုးခဲ့ပြီး အမြဲတမ်း ကလေးလူနာ မှာ ၁ဝဝဝ ကျော်ရှိကြောင်း၊ နေ့စဉ် အတွင်းလူနာအဖြစ် ကုသခံနေသူမှာ ရ၅ ဦးရှိပြီး ပြင်ပလူနာမှာ ဦးရေ ၄ဝ မှ ၆ဝ ကြားရှိကြောင်း သိရသည်။

“ ပျောက်ကင်းတဲ့ လူနာပေါင်းကတော့ အကြမ်းဖျင်းက ကင်ဆာအားလုံးမှာဆိုရင်တော့ တစ်ဝက်လောက်ကို တော့ ပျောက်ကင်းအောင်ကုသပေးနိုင်ပါတယ်။ မပျောက်ကင်းနိုင်တာကတော့   ရောဂါအရမ်းကျွမ်းမှ ရောက်ရင် လည်း မပျောက်ကင်းနိုင်ပါဘူး။ ဒါကြောင့် မို့လို့ ဆရာမတို့ရဲ့ ရည်ရွယ်ချက်ထဲမှတင် ဒီကင်ဆာရောဂါကို စောစီး စွာသိရှိရေးက ဒါကို ဦးတည်ချက်တစ်ခုအနေနဲ့ ချပြီးတော့ လူထုကြားထဲမှာ ပြန့်ပွားအောင် ကျန်းမာရေးဝန် ထမ်းအချင်းချင်းကြားထဲမှာလည်း ပြန်ပွားအောင် ဆရာမတို့ ဒါကို နယ်တွေသွားပြီး ပညာပေးတွေလုပ်တယ်။ ဟောပြောတယ်။ ပိုစတာတွေဝေတယ် ဒီလှုပ်ရှားမှုတွေကို ဆရာမတို့ လုပ်နေတယ်”ဟု ကလေးအထူးကုဆရာ ဝန် ပါမောက္ခဒေါက်တာ ဒေါ်အေးအေးခိုင်ကပြောသည်။

ယနေ့ ဇွန်လ ၃ ရက်နေ့၊ ရန်ကုန်ကလေးဆေးရုံကြီး၊ တိုးချဲ့ဆောင်သစ်၌ ကင်ဆာရောဂါ ကုသအောင်မြင်သူများနေ့ အထိမ်းအမှတ်အဖြစ် အခမ်းအနားကျင်းပပြုလုပ်ခဲ့ရာ ယင်းအခမ်းအနားတွင် ပါမောက္ခ ဒေါက်တာဒေါ်အေးအေးခိုင်က မဇ္စျိမ၏ မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ဖြစ်ပွားနှုန်းများသည့် ကင်ဆာအမျိုးအစားများအနက် သွေးကင်ဆာအမျိုးအစားတွင် အေအယ်လ်အယ်လ် (A.L.L) ခေါ်သည့် သွေးကင်ဆာအမျိုးအစားမှာ အဖြစ်အများဆုံးဖြစ်ပြီး ပြီးခဲ့သည့်နှစ်တွင် ဖြစ်ပွားသူ ဦးရေအသစ် ၁ဝဝ  ရှိခဲ့ကြောင်း ပါမောက္ခဒေါက်တာဒေါ်အေးအေးခိုင်ကပြောသည်။

အလုံးအကြိတ်အဖုကင်ဆာတွင် မျက်လုံးကင်ဆာမှာ ရန်ကုန်ကလေးဆေးရုံကြီးသို့ လာရောက်ကုသသူများ ထဲတွင် ဦးရေအများဆုံးဖြစ်ပြီး ကျောက်ကပ်မှ ဖြစ်ပွားသည့် ကင်ဆာများ၊ အသည်းမှ ဖြစ်ပွားသည့် ကင်ဆာ များ၊ဦးနှောက်မှ ဖြစ်ပွားသည့် ကင်ဆာများ၊အရိုးမှ ဖြစ်ပွားသည့် ကင်ဆာအမျိုးအစားများနှင့်  ရှားပါးသည့် ကင်ဆာရောဂါဖြစ်သော အသားမှ ဖြစ်ပွားသော ကင်ဆာအမျိုးအစားများစသည့် ကင်ဆာရောဂါ အမျိုးအစား ပေါင်း ၁၅ မျိုးခန့်ကို ကုသပေးနေကြောင်း သိရသည်။

ရန်ကုန်ကလေးဆေးရုံကြီးတွင် လာရောက်ကုသနေသည့် ကင်ဆာရောဂါဝေဒနာမျာခံစားနေသော ကလေး များအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးဝါးများပံ့ပိုးပေးထားသည့်အပြင် ကျန်လိုအပ်သော အပိုင်းများ အတွက် ပြည်တွင်း၊ ပြည်ပအလှူရှင်များက ကူညီပံ့ပိုးပေးထားကြောင်း သိရသည်။

“ ကလေးစဖြစ်တုန်းကတော့ ရင်ကွဲမတတ် တငိုငို တရီရီပေါ့။ အခုတော့လည်း ကုသအောင်မြင်သွားတယ်ဆို တော့ အတိုင်းမသိ ဝမ်းသာပါတယ်။ ဆရာမတွေရဲ့ စကားနားထောင်ရတာပေါ့ သူတို့က ဆေးမှန်မှန်ကုတယ်။ သူတို့ရဲ့ ကုထုံးကို လိုက်နာပေးရတာပေါ့နော်။ ကိုယ့်မှာ အခက်အခဲတော့ ရှိပါတယ်။ ကိုယ့်အခက်အခဲကို ဦးစား မပေးဘူး။ ဒီကလေးကို ဆေးကုဖို့ ဆရာမတွေရဲ့စကားကိုနားထောင်တယ်။ ကုန်ကျစရိတ်က မရှိဘူးလို့ ပြော လို့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဆေးရုံကအကုန်အကျတွေ အကုန်ခံထားပါတယ်”ဟု ကင်ဆာရောဂါ ကုသပျောက်ကင်းခဲ့သည့် ၂ နှစ်ခွဲအရွယ် ကလေးငယ်၏ မိခင် ဒေါ်လီလီက ပြောသည်။

ကင်ဆာရောဂါများကုသရာတွင် ဆေးသွင်းကုသခြင်း၊ ဓာတ်ရောင်ခြည်ဖြင့် ကုသခြင်း၊ ခွဲစိတ်ကုခြင်း စသည့် ကုသနည်း ၃ မျိုးဖြင့် ကုသပေးနေခြင်းဖြစ်ပြီး ရန်ကုန်ကလေးဆေးရုံကြီး၏ ဖက်စပ်ခွဲစိတ်ဆောင်များမှာ ရန်ကင်းကလေးဆေးရုံကြီး ခွဲစိတ်ဆောင်၊ မျက်လုံးခွဲစိတ်ဆောင်၊ အရိုးဆေးရုံမှ ခွဲစိတ်ဆောင်၊ မျက်စိ၊နား၊ နှာခေါင်းခွဲစိတ်ဆောင်၊ မျက်နှာ၊ မေးရိုးနှင့် ခံတွင်းခွဲစိတ်ဆောင်များဖြစ်ကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required