ဧရာဝတီတိုင်းတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်း တက်လာဟု ဆို

ဧရာဝတီတိုင်းတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်း တက်လာဟု ဆို

ပုသိမ်၊ ဇွန် ၃ ။             ။ ဧရာဝတီတိုင်းဒေသကြီးတွင် တက္ကသိုလ်ဝင်တန်းအောင်ချက် ရာခိုင်နှုန်း ယခင်နှစ်ကထက် ရာခိုင်နှုန်းတက်လာကြောင်း တွေ့ရှိရသည်။

တက္ကသိုလ်ဝင်တန်းတွင် ကျောင်းသားကျောင်းသူ ၈၆၅၁၉ ယောက်ဖြေဆိုပြီး အောင်မြင်သူ ၂၆၄၀၉ ယောက်ရှိပြီး အောင်ချက် ၃၀.၅၂ ရာခိုက်နှုန်း ရှိကြောင်းကို ဧရာဝတီတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွန်ကြားရေးမှူးချုပ်ဦးကျော်ဝင်းက မဇ္စျိမသို ့ ပြောသည်။

ဧရာဝတီတိုင်းဒေသကြီး တက္ကသိုလ်ဝင်တန်း အောင်ချက်ရာခိုင်နှုန်း မှာ ၂၀၁၆-၁၇ ပညာသင်နှစ်တွင် ၂၇.၄၆ ရာခိုင်နှုန်းရှိပြီး ၂၀၁၅-၁၆ ပညာသင်နှစ် ၁၇.၆ ရာခိုင်နှုန်းရှိခဲ့ခြင်း ဖြစ်ကာ ယခု ၃၀.၅၂ ရာခိုင်နှုန်းသို့ တိုးတက်လာခြင်း ဖြစ်သည်။

“ကျွန်တော်တို ့ကလေးတွေက တကယ်ရိုးရိုးသားသားကြိုးကြိုးစားစားနဲ ့ဖြေပါတယ်၊ ဆရာဆရာမများ သင်ကြားပြသမှုကောင်းမွန်တာကော၊ မိဘတွေ က လိုလိုချင်ချင်နဲ ့တွန်းအားပေးလာပါတယ်၊ ကလေးတွေလည်း ကြိုးစားလာပါတယ်၊ ဒါကြောင့်မို ့ဧရာဝတီတိုင်းက မနှစ်က အောင်ချက်ထက်ကောင်းလားတဲ့ အနေအထားဖြစ်ပါတယ် ။ မိဘဆရာကျောင်းသား အားလုံးဟာ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ၀ိုင်းဝန်ကြိုးစားတဲ ့အားဟာ ရလဒ်အနေနဲ ့အောင်ချက်ရာနှုန်းမြင့်မားတာကို ခံစားရပါတယ်”ဟု ဒုတိယညွန်ကြားရေးမှူးချုပ်ဦးကျော်ဝင်းက အောင်ချက်မြင့်မားလာမှုအား မဇ္စျိမသို ့ပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် အောင်ချက်အများဆုံးခရိုင်မှာ ဟင်္သာတခရိုင်ဖြစ်ပြီး ၂၀၁၇-၁၈တက္ကသိုလ်ဝင်တန်းဖြေဆိုသူကျောင်းသား ၁၆၉၉၀ ယောက်ဖြေဆိုပြီး အောင်မြင်သူ ၅၈၆၄ယောက်အောင်မြင်ပြီး ၊၃၄.၆၈ ရာခိုင်နှုန်း ရှိကြောင်း၊အောင်ချက်အများဆုံး မြို့နယ်မှာ ကြံခင်းမြို့နယ်ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၃၀၇ယောက်ဖြေဆိုပြီး တက္ကသိုလ်ဝင်တန်းအောင်မြင်သူ ၅၅၈ဦးရှိပြီး ၄၂.၆၉ ရာခိုင်နှုန်းရရှိကြောင်းကို တိုင်းပညာရေးမှူး ဒုတိယညွန်ကြားရေးမှုူးချုပ်ဦးကျော်ဝင်း က ပြောသည်။

သို့ရာတွင်  အောင်ချက်ရာခိုင်နှုန်း သုညဖြစ်သောကျောင်းများလည်းရှိပြီး ငပုတောမြို့နယ်မှ အ.ထ.က ခွဲ ငရုုပ်ကောင်းတောင်၊အ.ထ.က ခွဲ စမ်းချောင်းနှင့်အ.ထ.က ပျဉ်းထောင်ကွင်းနှင့် ဖျာပုံမြို့နယ်မှ အ.ထ.က ခွဲ အရှေ့ဖျားတို ့ဖြစ်ကြောင်း သိရသည်။

ဂုဏ်ထူးရရှိသူများအနေဖြင့် ၆ဘာသာဂုဏ်ထူးရှင် ၁၆ဦး၊၅ဘာသာဂုဏ်ထူးရှင် ၆၅ဦး၊၄ဘာသာဂုဏ်ထူးရှင် ၂၁၆ဦး၊၃ဘာသာဂုဏ်ထူးရှင်၁၄၅၀၊၂ဘာသာဂုဏ်ရှင်၂၀၈၅ဦးနှင့် ၁ဘာသာဂုဏ်ထူးရှင်၆၀၈၇ဦးရရှိပြီး၊၂၀၁၆-၁၇ ပညာသင်နှစ် နှင့်ယှဉ် ၃.၀၆ ရာခိုင်နှုန်း တိုးလာကြောင်းသိရှိရသည်။

ဧရာဝတီတိုင်းဒေသကြီး အတွင်း၂၀၁၅-၁၆ပညာသင်နှစ်တွင် ဘာသာစုံဂုဏ်ထူး ၃၇ယောက်ရှိပြီး၊၂၀၁၆-၁၇နှစ် ဘာသာစုံဂုဏ်ထူး ၅၆ယောက်ရရှိခဲ့ပြီး၂၀၁၇-၁၈ ပညာသင်နှစ်တွင် ၆ဘာသာဂုဏ်ထူူးရှင် ၁၆ဦး ရှိကြောင်းသိရှိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly