ဒုတိယကမ္ဘာစ်ပြီးဆုံးခြင်း နှစ်ရ၀ပြည့် အထိမ်းအမှတ် စစ်ရေးပြအခန်းအနားအတွက် တရုတ်က မျောက်များနှင့် သိန်းငှက်များကိုပါ လုံခြံုရေးတာဝန်ချထား

ဒုတိယကမ္ဘာစ်ပြီးဆုံးခြင်း နှစ်ရ၀ပြည့် အထိမ်းအမှတ် စစ်ရေးပြအခန်းအနားအတွက် တရုတ်က မျောက်များနှင့် သိန်းငှက်များကိုပါ လုံခြံုရေးတာဝန်ချထား

ပေကျင်း၊ သြဂုတ် - ၃၁ ။          ။ ဒုတိယကမ္ဘာစစ်တွင် ဂျပန်ရှုံးနိမ့်မှု အထိမ်းအမှတ် အဖြစ်ဆင်နွှဲမည့် ယခုရက်သတ္တပတ် ထုနှင့်ထည်နှင့် စစ်ရေးပြအခန်းအနား အတွက်လေကြောင်း အန္တရာယ်ကင်း ရှင်းကြောင်း သေချာစေရန်အတွက် တရုတ်လေတပ်က မြောက်များနှင့် သိန်းငှက်များကို တာဝန်ထမ်းဆောင်စေခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲနှင့် ဂျပန်ကျူးကျော်မှုကို ဆန့်ကျင်ခဲ့သည့် တရုတ်ပြည်သူများ၏ တော်လှန်ရေးစစ်ပွဲ နှစ်၇၀ပြည့်အထိန်းအမှတ်အခန်းအနားတွင် တိုက်လေယာဉ် အစင်း၂၀၀နီးပါး ပါဝင် ဆင်နွှဲမည်ဖြစ်သည်။

အရာရှိ ဝမ် မင်းဇီ၏ပြောကြားချက်အရ မျိုးစိတ် ၄၀၀မှ ၅၀၀အထိသော ငှက်များ ရွှေ့ပြောင်းအခြေချရာ လမ်းကြောင်းတစ်ခုဖြစ်နေ၍ လေယာဉ် လုံခြုံမှုကို ထိခိုက်မည်စိုးသောကြောင့် စစ်ရေးပြအခန်းအနား တွင်ပါဝင်နေသော လေတပ်အခြေစိုက်စခန်းတွင် တိရစ္ဆာန်များကို ဖြန့်ချထားရခြင်းဖြစ်သည်ဟု ဆိုသည်။

မျောက်များက ငှက်သိုက်များကို ဖျက်စီးရာတွင် အထူးကျွမ်းကျင်သည်ဟုလည်း ဝမ်က ပြောကြားသည်။ မျောက်များမှာ တစ်လတာ လေ့ကျင့်သင်ကြားပေးထားသည့် ကျောင်းဆင်းများဖြစ်သည်ဟုလည်း ဝမ်က ထပ်လောင်းပြောကြားသည်။

သတင်းဝဘ်ဆိုက် Sina တွင်တင်လာသည့် ပုံများတွင်မူ မျောက်တစ်ကောင်က သူ့ဘေးမှ ယူနီဖောင်းဝတ်အရာရှိတစ်ဦး အလေးပြုနေဟန်အတိုင်း တုပလုပ်ဆောင်နေပုံများကို တွေ့ကြရသည်။

မျောက်များက ငှက်များ အသိုက်ဆောက်ထားသည့် သစ်ကိုင်းများကို ဆွဲယူလှုပ်ချခြင်းလုပ်ငန်းကို တစ်မိနစ်အတွင်းတွင် လုပ်ဆောင်နိုင်သည်ဟုလည်း Sina တွင် ရေးသားထားသည်။

ငှက်သိုက်များကို ရှင်းလင်းရာတွင် တာတိုပစ်သေနတ်များနှင့် ရေအမြောက်များကို အသုံးပြုနိုင်သော်လည်း မျောက်များကို အသုံးပြုခြင်းလောက် စီးပွားရေးအရ တွက်ခြေမကိုက်ဟု ဆိုသည်။

သိန်းငှက်များကိုလည်း ငှက်များအား လေကြောင်းနယ်နိမိတ်အတွင်းမှ မောင်းထုတ်ရန် လေ့ကျင့်ပေးထားသည်ဟု ဆိုသည်။

နေ့စဉ် သားရဲသိန်းငှက် သုံးကောင်မှ လေးကောင်အထိ ကောင်းကင်ထဲသို့ လွှတ်၍ အခြားငှက်များကို တားဆီးသည်ဟုလည်း ဝမ်က ပြောကြားခဲ့သည်။ ပေကျင်းက ဒေသတွင်းတွင် အခိုင်အမာရပ်တည် လာရာ အင်အားပြပွဲတစ်ခုဖြစ်သည့် စက်တင်ဘာ ၃ရက် စစ်ရေးပြအခန်းအနားတွင် တိန်အန်မင်ရင်ပြင်တစ်လျှောက် စစ်သား ၁၂၀၀၀နှင့် စစ်လက်နက်တင်ယာဉ် ၅၀၀ခန့် ချီတက်နေသည်ကို မြင်ကြ ရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required