စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘာသာစုံဂုဏ်ထူးရှင် (၃၃) ဦးထွက်ပေါ်

စစ်ကိုင်းတိုင်းဒေသကြီးတွင် ဘာသာစုံဂုဏ်ထူးရှင် (၃၃) ဦးထွက်ပေါ်

ဇွန် ၂၊ မုံရွာ ။                     ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ၂၀၁၇ -၂၀၁၈ တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် အောင်မြင်သူ ၃၆၀၀၀ကျော် ရှိပြီး ဘာသာစုံဂုဏ်ထူးရှင် (၃၃)ဦးထွက်ပေါ်ခဲ့ကြောင်း တိုင်းပညာရေးမှူးရုံး စာရင်းများအရသိရသည်။

ဂုဏ်ထူးရရှိရာတွင် ၆ ဘာသာ ၃၃ဦး၊ ၅ ဘာသာ ၁၅၃ဦး၊ ၄ ဘာသာ ၃၈၁ဦး၊ ၃ ဘာသာ ၈၈၅ဦး၊၂ ဘာသာ ၁၇၇၁ဦး၊၁ ဘာသာ ရ၁၄၁ဦး စုစုပေါင်း ဂုဏ်ထူးရှင် ၁၅၈၂၅ ဦးထွက်ခဲ့ပြီး သချင်္ာဘာသာရပ်များသာ အများဆုံးဂုဏ်ထူးရရှိခဲ့ကြောင်း သိရသည်။

၂၀၁၇ -၂၀၁၈ ပညာသင်နှစ်တွင် စစ်ကိုင်းတိုင်းအတွင်း စာစစ်ဌာနများမှ တက္ကသိုလ်ဝင်တန်း ဖြေဆိုသူ တစ်သိန်းကျော်အနက် သုံးသောင်းခြောက်ထောင်ကျော် အောင်မြင်ပြီး အောင်ချက်ရာခိုင်နှုန်း ၃၄.၈၇ ရှိကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly