ပါလက်စတိုင်းအား အကာအကွယ်ပေးရေး ကုလသမဂ္ဂဆုံးဖြတ်ချက် အမေရိကန် ဗီတိုသုံး ပယ်ချ

ပါလက်စတိုင်းအား အကာအကွယ်ပေးရေး ကုလသမဂ္ဂဆုံးဖြတ်ချက် အမေရိကန် ဗီတိုသုံး ပယ်ချ

ကုလသမဂ္ဂ၊ ဇွန် ၂ ။         ။ လုံခြံုရေးကောင်စီမှ ဆယ်နိုင်ငံ ထောက်ခံမဲပေးထားသော အာရပ်နိုင်ငံများ အရေးဆိုခဲ့သည့် ပါလက်စတိုင်းအား အကာအကွယ်ပေးရေး ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်မူကြမ်းကို အမေရိကန်က ဇွန် ၁ ရက်၌ ဗီတိုအာဏာသုံး ပယ်ချသည်။

အာရပ်နိုင်ငံများ ကိုယ််စား ကူဝိတ်က ဦးဆောင် တင်သွင်းသော အဆိုပါ ကုလသမဂ္ဂ ဆုံးဖြတ်ချက်မူကြမ်းကို ပြင်သစ်၊ ရုရှနှင့် တရုတ်တို့လည်း ထောက်ခံမဲပေးသည့် နိုင်ငံများတွင် ပါ၀င်သည်။

အဆိုပါ မူကြမ်းအပေါ် ကြားနေသော နိုင်ငံ လေးနိုင်ငံ ရှိသည်။

အဖွဲ့ဝင် ၁၅ နိုင်ငံပါ၀င်သော လုံခြံုရေးကောင်စီတွင် ဆုံးဖြတ်ချက်တစ်ရပ် အတည်ဖြစ်ရေးအတွက် ကိုးနိုင်ငံ၏ ထောက်ခံမဲနှင့် အမြဲတမ်းအဖွဲ့ဝင် ငါးနိုင်ငံ ဖြစ်သော ဗြိတိန်၊ တရုတ်၊ ပြင်သစ်၊ ရုရှနှင့် အမေရိကန်တို့၏ ဗီတိုသုံး မပယ်ချမှသာ ဆုံးဖြတ်ချက် အတည်ပြု ပြဌာန်းနိုင်ခြင်း ဖြစ်သည်။

အစ္စရေး နယ်စပ် ဂါဇာကမ်းမြောင်တွင် ပါလက်စတိုင်းတို့၏ ပြန်လည်စုရုံံး ချီတက်မှုဆိုသော ဆန္ဒပြမှုများအတွင်း အစ္စရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် လူဒါဇင်များစွာ သေဆုံးမှု ရှိခဲ့သည်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required