မန်ယူကစိတ်ဝင်စားနေသည့် ဂါရတ်ဘေးလ်ကို စာချုပ်သက်တမ်းတိုးရန် ရီးယဲလ်စဉ်းစားနေ

မန်ယူကစိတ်ဝင်စားနေသည့် ဂါရတ်ဘေးလ်ကို စာချုပ်သက်တမ်းတိုးရန် ရီးယဲလ်စဉ်းစားနေ

 

ဇွန် ၁၊ မက်ဒရစ်။                   ။ ရီးယဲလ်မက်ဒရစ်အသင်းသည် မန်ယူနိုက်တက်အသင်းက စိတ်ဝင်စားနေသည့် ဂါရတ်ဘေးလ်ကို စာချုပ်သက်တမ်းတိုးရန် စဉ်းစားနေသည်။

အသက် ၂၈ နှစ်အရွယ်ကစားသမား၏ ကိုယ်စားလှယ်များသည် နောက်နှစ်ပတ်အကြာတွင် ဥရောပချန်ပီယံ ရီးယဲလ်မက်ဒရစ် အသင်းနှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

မန်ယူနိုက်တက်အသင်းသည် ဘေးလ်ကို ၎င်းတို့၏ နွေရာသီအဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားသည်။ နည်းပြမော်ရင်ဟိုသည် ဝေးလ်ကစားသမား၏ခြေစွမ်းကို ကာလရှည်သဘောကျလာခဲ့သူဖြစ်ပြီး လာမည့်ရက်သတ္တပတ်များအတွင်း ကမ်းလှမ်းမှု ပြုလုပ်ဖွယ်ရှိသည်။

ဘေးလ်သည်လည်း ရီးယဲလ်မက်ဒရစ်အသင်းတွင် ၎င်း၏အနေအထားနှင့်ပတ်သက်ပြီး စိုးရိမ်နေဖွယ်ရှိသည်။ ပွဲကစားခွင့်မရလျှင် ၎င်းကိုဆုံးရှုံးရနိုင်ကြောင်းပြောဆိုထားသည့်   ဘေးလ်၏မှတ်ချက်မှာ မော်ရင်ဟိုအတွက် အားတက်စရာဖြစ်နေသည်။

သို့သော်လည်း ရီးယဲလ်မက်ဒရစ်အနေဖြင့် ဘေးလ်အတွက် အနည်းဆုံးပေါင် ၁၂၁ သန်းဖြင့် ကမ်းလှမ်းလာလျှင်ပင် လက်ခံရန်သင့်၊ မသင့်စဉ်းစားဦးမည်ဟု စပိန်သတင်းစာ AS က ဖော်ပြထားသည်။

Ref; Daily Mail

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly