ဗုံးသံသယရှိသူကို ဖမ်းဆည်းပေးသည့် ဆုတော်ငွေ ထိုင်းရဲများ ရရှိ

ဗုံးသံသယရှိသူကို ဖမ်းဆည်းပေးသည့် ဆုတော်ငွေ ထိုင်းရဲများ ရရှိ

ဘန်ကောက်မြို့တွင် ဖြစ်ပွားသည့် လူအသေအပျောက်များသော ဗုံးပေါက်ကွဲမှု ဆက်စပ်သည့် သံသယတရားခံကို ဖမ်းဆီးမိခဲ့၍ ထိုင်းရဲတပ်ဖွဲ့အကြီးအကဲ သူ့၏ ရဲဌာန တပ်ဖွဲ့ဝင်များအား ဆုတော်ငွေ ၈၄၀၀၀ ဒေါ်လာနှင့် ညီမျှသည့် ထိုင်းဘတ်ငွေ သုံးသန်းကို ဆုချမည်ဖြစ်ကြောင်း သြဂုတ် ၃၁ ရက်က ကြေညာလိုက်သည်။

”ဘတ်တစ်သန်းကတော့ ကျွန်တော်ကိုယ်တိုင် စိုက်ထုတ်တာပါ။ ကျန်တဲ့ နှစ်သန်းက ကျွန်တော်မိတ်ဆွေ နာမည်မဖော်လိုတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေက စိုက်ထုတ်ပေးတာဖြစ်ပါတယ်။”ဟု ရဲဌာနချုပ် သတင်းစာရှင်းလင်းပွဲတွင် ရဲချုပ် ဆွမ်ယော့က ပြောကြားခဲ့သည်။

”တရားခံကို ခြေရာခံလိုက်လံရာမှာ သတင်းပေးပြည်သူမရှိပဲ ရဲများကိုယ်တိုင် အစအဆုံးလိုက်လံခဲ့ရခြင်းဖြစ်၍ ယခုကဲ့သို့ ဆုတော်ငွေကို ရဲများကပင် ရရှိခြင်းဖြစ်သည်ဟု ဆွမ်ယော့က ပြောသည်။

ရဲဌာနနှင့် တစ်သီပုဂ္ဂလပြည်သူများက ဗုံးဖောက်ခွဲမှု တရားခံနှင့် ပတ်သက်ပြီး သတင်းပေးနိုင်သူကို ဆုတော်ငွေ ချမည်ဟု ယခင်က ထုတ်ပြန်ကြေညာထားခဲ့ခြင်းဖြစ်သည်။

Ref: The Guardian

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly