မက္ကစီကို၌ အပူလှိုင်းဖြတ်၍ နိုင်ငံတော်အရေးပေါ်ကြေညာချက်ထုတ်ပြန်

မက္ကစီကို၌ အပူလှိုင်းဖြတ်၍ နိုင်ငံတော်အရေးပေါ်ကြေညာချက်ထုတ်ပြန်

 

မက္ကစီကိုစီးတီ၊ ဇွန် ၁ ။                           ။ မက္ကစီကိုနိုင်ငံရှိ နေရာအနှံ့အပြား၌ အပူလှိုင်းဖြတ်လျက်ရှိပြီး အပူချိန် ၅၀ ံ စင်တီဂရိတ်အထိသို့ ရောက်ရှိခဲ့ သောကြောင့် အာဏာပိုင်များအနေဖြင့် နိုင်ငံတော်အရေးပေါ်ကြေညာချက်ထုတ်ပြန်ခဲ့ရကြောင်း မက္ကစီကို အမျိုးသားမိုးလေဝသဌာနက (SMN) က ကြာသာပတေးနေ့တွင် ကြေညာခဲ့သည်။

SMN ၏ အဆိုအရ မက္ကစီကိုမြောက်ပိုင်းရှိ ဆီနာလိုအာပြည်နယ်၊ နိုင်ငံအနောက်ပိုင်းရှိ မီချိုအာကန်နှင့် အလယ်ပိုင်းရှိ ဟီဒယ်လ်ဂိုပြည်နယ်တို့တွင် အပူချိန် ၅၀ ံ စင်တီဂရိတ်အထိသို့ မြင့်တက်လာနိုင်ပြီး ကျန်ဒေသ များ၌မူ အပူချိန် ၃၀ ံ စင်တီဂရိတ်ရှိမည်ဟု သိရသည်။

ပြည်နယ်သားအနေဖြင့် ပြည်နယ်အစိုးရနှင့် အာဏာပိုင်များ၏ ထုတ်ပြန်ကြေညာချက်များကို လိုက်နာကြဖို့ SMN က အကြံပြုခဲ့ပြီး ရေဓာတ်ပြည့်ဝစွာနေထိုင်ကြဖို့၊ နေရောင်နှင့် တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ရှားဖို့ စသည့် ကာကွယ်စရာရှိသည်များကိုလည်း လိုက်နာကြဖို့ အကြံပေးခဲ့သည်။

အစိုးရအာဏာပိုင်များသည် နိုင်ငံတစ်ဝန်းရှိ မြူနီစပယ်အများအပြား၌ နိုင်ငံတော်အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားသည်ဟု ကြေညာခဲ့ပြီး အပူလှိုင်းဖြတ်နေစဉ်ကာလအတွင်း ပြည်နယ်သားများကို အကူအညီပေး ရန်အတွက် ဒေသတွင်းအာဏာပိုင်များအား ပြည်ထောင်စုရန်ပုံငွေများကို ထုတ်ယူသုံးစွဲခွင့်ပြုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required