အရှေ့တောင်အာရှ ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယဝန်ကြီးချုပ်က မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံ

အရှေ့တောင်အာရှ ခရီးစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် အိန္ဒိယဝန်ကြီးချုပ်က မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံ

ကွာလာလမ်ပူ၊ မေ ၃၁ ။        ။ အရှေ့တောင်အာရှနိုင်ငံများသို့ ခရီးစဉ် ဆက်လက်ထွက်ခွာခြင်းအဖြစ် အိန္ဒိယဝန်ကြီးချုပ်သည် မေ ၃၁ ရက်က မလေးရှားဝန်ကြီးချုပ်နှင့် တွေ့ဆုံသည်။

အင်ဒိုနီးရှားသို့ နှစ်ရက်တာခရီးလည်ပတ်ပြီးနောက် မလေးရှားသို့ ရောက်ရှိသည့် အိန္ဒိယဝန်ကြီးချုပ် နာရိန္ဒြာမိုဒီသည် ရွေးကောက်ခံဝန်ကြီးချုပ်သစ် မဟာသီယာမိုဟာမတ်နှင့် တွေ့ဆုံကြခြင်း ဖြစ်သည်။

“ဒေါက်တာ မဟာသီယာနဲ့ တွေ့ဆုံရတာ ၀မ်းမြောက်စရာပါ။ နွေးထွေးစွာကြိုဆိုမှုအတွက် သူ့ကို ကျေးဇူးတင်ရပါတယ်။”ဟု မိုဒီက ၎င်း၏ တရားဝင် တွစ်တာအကောင့်တွင် ရေးသားသည်။

“အိန္ဒိယ-မလေးရှား ဆက်ဆံရေး ထပ်တိုးခိုင်မာမှုအတွက် အပြုသဘောဆောင်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။”ဟု မိုဒီက ဆိုသည်။

အိန္ဒိယနှင့် မလေးရှားကြား စီးပွားရေးနှင့် ယဉ်ကျေးမှု ဆက်ဆံမှုများ မြှင့်တင်နိုင်မည့် နည်းလမ်းများကိုလည်း ခေါင်းဆောင်နှစ်ဦးအနေဖြင့် ဆွေးနွေးကြသည်ဟု အိန္ဒိယဝန်ကြီးချုပ်ရုံးကလည်း အတည်ပြုသည်။

မိုဒီအနေဖြင့် မလေးရှားတွင် ခဏတာ လာရောက်လည်ပတ်ခြင်းဖြစ်ကာ အိန္ဒိယနိုင်ငံသားများ အများစု ရောက်ရှိနေသော အိမ်နီးချင်း စင်ကာပူနိုင်ငံသို့ ခရီးစဉ် မကြာမီ ထွက်ခွာမည်ဖြစ်သည်။

စင်ကာပူတွင် မေ ၃၁ ရက် ညမှ ဇွန် ၁ ရက်အထိ မိုဒီလာရောက်မည်ဖြစ်ကြောင်းကို စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required