ရီးယဲမက်ဒရစ် နည်းပြအဖြစ်မှ ဇီဒန်း နုတ်ထွက်

ရီးယဲမက်ဒရစ် နည်းပြအဖြစ်မှ ဇီဒန်း နုတ်ထွက်

ရီးယဲမက်ဒရစ်အသင်းအား ချန်ပီယံလိဂ်တွင် သုံးနှစ်ဆက်တိုက် နည်းပြအဖြစ် တာဝန်ယူပြီးနောက် ရီးယဲလ်နည်းပြ ဇီဒန်းသည် မေ ၃၁ ရက်၌ နည်းပြအဖြစ်မှ နှုတ်ထွက်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် တရားဝင် ကြေညာသည်။

ရီးယဲလ်ကလပ်၏ ဥက္ကဌ ဖလိုရန်တီနိုနှင့်အတူ ကျင်းပသော မျှော်လင့်မထားသည့် ယခု သတင်းစာရှင်းလင်းပွဲတွင် အသင်းအား သုံးနှစ်ဆက်တိုက် ပဲ့ကိုင်လာခဲ့ပြီးဖြစ်ရာ အပြောင်းအလဲအတွက် အချိန်ရောက်ပြီဟု နည်းပြဇီဒန်းက ပြောသည်။

ရီးယဲလ်မက်ဒရစ်ရဲ့ နည်းပြအဖြစ် လာမယ့် နှစ် ဆက်ပြီး တာဝန်မယူတော့ဖို့ ကျွန်တော် ဆုံးဖြတ်လိုက်ပါတယ်။"ဟု ဇီဒန်းက ပြောသည်။

"ဒီအသင်းအနေနဲ့ အောင်မြင်မှုကို ဆက်ထိန်းထားဖို့ လိုတယ်။ ဒီအတွက် အပြောင်းအလဲ လုပ်ဖို့ လိုတယ်။ ကျွန်တော်ရဲ့ သုံးနှစ်တာ ကာလအပြီးမှာတော့ ကွဲပြားတဲ့ လုပ်ကိုင်ပုံ နည်းလမ်းတွေ အသင်းအတွက် လိုပါတယ်။"ဟု ၎င်းက ပြောပြီး "ကျွန်တော် ဒီအသင်းကို အရမ်းချစ်တာကြောင့်ပဲ ခုလို ဆုံးဖြတ်ရတာ ဖြစ်ပါတယ်။" ဟု ထပ်လောင်း ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly