အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယားထိပ်တန်းအရာရှိတို့ နယူးယော့ခ်မှာ တွေ့ဆုံဆွေးနွေး

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနှင့် မြောက်ကိုရီးယားထိပ်တန်းအရာရှိတို့ နယူးယော့ခ်မှာ တွေ့ဆုံဆွေးနွေး

မေ ၃၁ ။           ။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးဟာ နယူးယော့ခ်မှာ ရောက်ရှိနေတဲ့ မြောက်ကိုရီးယား အဆင့်မြင့်အရာရှိကြီးတစ်ဦးနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ခုလိုမျိုး နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပဲယိုးနဲ့ မြောက်ကိုရီးယား ထိပ်တန်းအရာရှိ ကင်မ် ယုံချိုးလ် တို့ တွေ့ဆုံဆွေးနွေးရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျံုအန်းတို့အကြား ဖြစ်နိုင်ခြေရှိ ထိပ်သီးအစည်းအဝေးအတွက် အကြိုပြင်ဆင်တဲ့အနေနဲ့ တွေ့ဆုံတာဖြစ်ပါတယ်။

ယခု နှစ်ဘက်အကြား ဆွေးနွေးမှုတွေရဲ့ ရလဒ် ဘယ်လိုထွက်ပေါ်ထားလဲ ဆိုတာကတော့ မသိရသေးပါဘူး။

မြောက်ကိုရီးယားတို့ရဲ့ အဆင့်မြင့်အရာရှိ ဗိုလ်ချုပ်ကြီး ကင်မ် ယုံချိုးလ်ဟာ တရုတ်နိုင်ငံကနေတဆင့် အမေရိကန်ကို ရောက်ရှိလာတာဖြစ်ပြီး ယမန်နေ့ညတုန်းကလည်း မစ္စတာ ပွန်ပဲယိုးနဲ့အတူ ညစာ စားခဲ့ပါသေးတယ်။

၎င်းကတော့ အနှစ် ၂၀ နီးပါးအတွင်း အမေရိကန်ကို ရောက်ရှိလာတဲ့ အဆင့်မြင့်ဆုံးသော မြောက်ကိုရီးယား အရာရှိကြီးလည်း ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ စင်ကာပူမှာ ကျင်းပမယ့် ထိပ်သီးအစည်းအဝေးကို ဒေါ်နယ်ထရမ့်ဘက်က ဖျက်သိမ်းကြောင်း ကြေညာထားခဲ့သော်ငြား ယခုအခါမှာ ယင်းကို မူလအတိုင်း ပြန်ကျင်းပနိုင်အောင် ညှိနှိုင်းဆွေးနွေးမှုတွေကို တက်တက်ကြွကြွ လုပ်ဆောင်နေကြလျက်ရှိပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required