အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနကို အိုင်အက်စ်တို့ တိုက်ခိုက်၊ ၁၁ ဦးသေဆုံး

အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနကို အိုင်အက်စ်တို့ တိုက်ခိုက်၊ ၁၁ ဦးသေဆုံး

မေ ၃၁ ။       ။ ကဘူးလ်မြို့မှာ ရှိတဲ့ အာဖဂန်နစ္စတန် ပြည်ထဲရေးဝန်ကြီးဌာနရုံးကို ယမန်နေ့ မေလ ၃၀ ရက်က  သေနတ်သမားတွေက ၀င်ရောက်တိုက်ခိုက်ခဲ့ရာ အနည်းဆုံး ရဲတစ်ဦး သေဆုံးပြီး ငါးဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရပါတယ်။

ယင်းဖြစ်စဉ်မှာ ဖောက်ခွဲရေးပစ္စည်းတွေ တင်ဆောင်ထားတဲ့ ယာဉ်တစ်စီးနဲ့ ၀န်ကြီးရုံး ရှေ့ဂိတ်ပေါက်ကို မောင်းနှင် ဖောက်ခွဲခဲ့ပြီးနောက် တိုက်ခိုက်သူ ဆယ်ဦးက ဌာနကို ၀င်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ၀န်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နာဂျစ်ဘ် ဒါနစ်ရှ်က ပြောပါတယ်။

တိုက်ခိုက်သူ အားလုံးကိုတော့ အာဖဂန် လုံခြံုရေး တပ်ဖွဲ့ဝင်တွေက နှစ်နာရီနီးပါးကြာ ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်ပြီး သုတ်သင်ရှင်းလင်းလိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။

ယင်း တိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားပြီး နာရီအနည်းငယ်အကြာမှာပဲ အစ္စလမ္မစ် နိုင်ငံတော် အကြမ်းဖက်အဖွဲ့ အိုင်အက်စ်က ဒါဟာ ၎င်းတို့ လက်ချက်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာသွားခဲ့ပါတယ်။

အာဖဂန် မြို့တော် ကဘူးလ်ကတော့ ယခုနှစ်ထဲမှာ အိုင်အက်စ်တို့ရဲ့ တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ရင်ဆိုင်ကြံုတွေ့ထားခဲ့ရပြီး ပြီးခဲ့တဲ့လကလည်း မဲရုံစင်တာတစ်ခုမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတစ်ခုဖြစ်ခဲ့တာကြောင့် လူပေါင်း ၅၇ ဦးထိမနည်း သေဆုံးထားတဲ့ ဖြစ်စဉ်လည်း ဖြစ်ပေါ်ထားခဲ့ပါသေးတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required