မလေးရှား ဆန္ဒပြပွဲ အဆုံးသတ်

မလေးရှား ဆန္ဒပြပွဲ အဆုံးသတ်

မြို့တော် ကူလာလမ်ပူတွင် ဆန္ဒပြသလျက်ရှိသည့် မလေးရှားပြည်သူထောင်ပေါင်းများစွာ၏ ဆန္ဒပြသမှုသည် နှစ်ရက်ကြာမြင့်ပြီးနောက် သြဂုတ် ၃၁ ရက် အစောပိုင်းတွင် လူစုလူဝေးခွဲကာ အဆုံးသတ် လိုက်ပြီဖြစ်သည်။

Bersih အုပ်စုက ဦးစီးလုပ်ဆောင်သည့် ယင်းဆန္ဒပြသမှုများက သြဂုတ် ၂၉ ရက်က စတင်ဖြစ်ပွားခြင်းဖြစ်ပြီး ဆန္ဒပြသူများစွာက တီရှပ်အဝါများဝတ်ဆင်လျက် လမ်းပေါ်ထွက်ကာ အစိုးရအား ဆန့်ကျင် ဆန္ဒပြသမှုကို ထုတ်ဖော်ခဲ့ကြခြင်းဖြစ်သည်။

စီအင်န်အေသတင်းတစ်ရပ်တွင် ဆန္ဒပြသူများက လူစုခွဲခြင်းကို နိုင်ငံတော်သီချင်းသံပြိုင်ဟစ်ကြွေးသီဆိုပြီးနောက် လူစုခွဲကာ ဆန္ဒပြပွဲအား အဆုံးသတ်လိုက်ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ကြီးချုပ် နာဂျစ်ရာဇက်က ဆန္ဒပြမှုများကို စီစဉ်သူများသည် လူမှုဖွံ့ဖြိုးရေးရာများကို ဂရုစိုက်ခြင်းမရှိသလို နိုင်ငံ၏ ကျေးလက်ဒေသဖွင့်ဖြိုးရေးတို့တွင်လည်း အလေးမထားသူများဖြစ် သည်ဟုပြောကြား ခဲ့ကြောင်း ဌာနေမီဒီယာသတင်းများတွင် ဖော်ပြသည်။

အဆိုပါ ဆန္ဒပြသမှုသည် တရားမဝင်ပဲ လုပ်ဆောင်သူများအနေဖြင့်လည်း အရေးယူခံရမည်ဖြစ်ကြောင်း ရဲက ပြောသည်။

ဆန္ဒပြသူများဖက်ကတောင်းဆိုချက် ငါးရပ်ရှိပြီး ရွေးကောက်ပွဲလွတ်လပ်ပြီး တရားမျှတရေး၊ အစိုးရအပြောင်းအလဲ၊ ဆန္ဒထုတ်ဖော်ခွင့်၊ ခိုင်မာသည့်ပါလီမန်စနစ်နှင့် နိုင်ငံစီးပွားရေးလုံခြုံမှုရှိရေးတို့ဖြစ်သည်။

Ref: Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required