ပေါ်တိုညာနောက်ခံလူ ဒီယိုဂို ဒါလော့ကိုခေါ်ယူရန် မန်ယူနိုက်တက်အသင်းနီးစပ်

ပေါ်တိုညာနောက်ခံလူ ဒီယိုဂို ဒါလော့ကိုခေါ်ယူရန် မန်ယူနိုက်တက်အသင်းနီးစပ်

မေ ၃၀၊ မန်ချက်စတာ။            ။ မန်ချက်စတာယူနိုက်တက်အသင်းသည် ပေါ်တိုညာနောက်ခံလူ ဒီယိုဂို ဒါလော့ကိုခေါ်ယူနိုင်ရန် နီးစပ်နေပြီဖြစ်သည်။ မော်ရင်ဟို၏အသင်းသည် စာချုပ်ဖျက်သိမ်းကြေးပေါင် ၁၇ ဒသမ ၄ သန်းရှိသည့် ဒါလော့ကိုကမ်းလှမ်းမည့်ပုံစံနှင့်ပတ်သက်ပြီး ဆွေးနွေးနေဆဲဖြစ်သည်။

အသက် ၃၃ နှစ်ရှိနေပြီဖြစ်ပြီး ဒူးဒဏ်ရာကုသမှုခံယူရန်လိုအပ်နေသည့် ဗလန်စီယာနှင့် ယှဉ်ပြိုင်ရန် ညာနောက်ခံလူတစ်ဦးကို ယူနိုက်တက်အသင်းက လိုချင်နေသည်။

ပေါ်တူဂီယူ ၂၁ လက်ရွေးစင် ဒါလော့သည် ဘယ်နောက်ခံလူအဖြစ်လည်း ကစားနိုင်သူဖြစ်သည်။ ပေါ်တိုစီနီယာအသင်းနှင့် ဖေဖော်ဝါရီလကမှ စတင်ကစားခွင့်ရခဲ့ပြီး လီဗာပူးလ်နှင့်ဂိုးမရှိသရေကျသည့် ချန်ပီယံလိဂ်ပွဲတွင် ပါဝင်ခွင့်ရခဲ့သည်။

ပေါ်တူဂီအသင်းယူရို ၂၀၁၆ ယူ-၁၇ ပြိုင်ပွဲဗိုလ်စွဲခဲ့ရာတွင် ဒါလော့လည်းပါဝင်ခဲ့ပြီး ငါးပွဲကစား နှစ်ဂိုးသွင်းနိုင်ခဲ့ရာ တစ်ဂိုးမှာ ဗိုလ်လုပွဲတွင် စပိန်ဘက်သို့သွင်းယူခဲ့ခြင်းဖြစ်သည်။

ယူနိုက်တက်အသင်းသည် နောက်ခံအစွန်နေရာအတွက် အက်သလက်တီကိုမှ ဗာဆယ်ကို၊ ဗလင်စီယာမှ ကန်ဆယ်လို တို့ကိုလည်းဆွေးနွေးခဲ့သေးသော်လည်း ယခုအခါပိုမိုစျေးသက်သာပြီး အလားအလာရှိသည့် ဒါလော့ဘက်သို့ လှည့်လာခြင်း ဖြစ်သည်။

မန်ယူနိုက်တက်အသင်းအနေဖြင့် နောက်ခံအစွန်လူတစ်ဦးဖြစ်သည့် ဒါမီယန်ကို ဂျူဗင်တပ်သို့ ပေါင် ၁၁ ဒသမ ၅ သန်းဖြင့် ရောင်းချလိမ့်မည်ဟုလည်း မျှော်လင့်ရသည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required