ဘယ်လ်ဂျီယံပစ်ခတ်မှု၏ သေနတ်သမားမှာ အစ္စလာမ်မစ်အစွန်းရောက်များနှင့် ပတ်သက်မှုရှိနေ

ဘယ်လ်ဂျီယံပစ်ခတ်မှု၏ သေနတ်သမားမှာ အစ္စလာမ်မစ်အစွန်းရောက်များနှင့် ပတ်သက်မှုရှိနေ

 

လီဂီ၊ ဘယ်လ်ဂျီယံ၊ မေ ၃၀ ။                                  ။ ဘယ်လ်ဂျီယံနိုင်ငံ၌ဖြစ်ပွားခဲ့သော အကြမ်းဖက်သေနတ်ပစ်ခတ်မှုအတွင်းမှ တရားခံဖြစ်သူသည် အစ္စလာမ်မစ်အစွန်းရောက်များနှင့် အဆက်အသွယ်ရှိသူဖြစ်သောကြောင့် ရဲတပ်ဖွဲ့၏ စောင့်ကြည့်စာရင်းထဲ၌ ပါ၀င်နေသူဖြစ်ပြီး ထိုသူသည် အမျိုးသမီးရဲအရာရှိနှစ်ဦးကို ၄င်းတို့၏လက်နက်နှင့်ပင် အသေပစ်ခတ်ခဲ့ပြီး နောက်ထပ်အမျိုးသားတစ်ဦးကိုလည်း ထပ်မံပစ်သတ်ခဲ့သူဖြစ်သည်။

ယင်းဖြစ်ရပ်သည် ဘယ်လ်ဂျီယမ်၏ စက်မှုမြို့ဖြစ်သော လီဂီမြို့အရှေ့ပိုင်း၌ ဒေသစံတော်ချိန် အင်္ဂါနေ့ မနက် ၁၀း၃၀ နာရီခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ဓားကိုင်ဆောင်လာသော အမျိုးသားသည် အမျိုးသမီးရဲအရာရှိနှစ်ဦးကို ဓားနှင့်ထိုးခဲ့ပြီးနောက် ၄င်းတို့၏သေနတ်နှင့်ပင် ပြန်လည်ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်ဟု အစိုးရရှေ့နေက ဆိုခဲ့ သည်။

ဘယ်လ်ဂျီယံသတင်းဌာနမှ ထုတ်ပြန်ခဲ့သော မှတ်တမ်းဗီဒီယိုဖိုင်ထဲ၌ အဆိုပါအမျိုးသားသည် “ဘုရားရှင်သာ ကြီးမြတ်ရာ” ဟု အော်ဟစ်ပြီး တိုက်ခိုက်မှုကို ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း တွေ့ရှိရသည်။

“ဓားကိုင်လာတဲ့ တရားခံဟာ အမျိုးသမီးရဲအရာရှိ ၂ဦးကို ဓားနဲ့ထိုးပြီးတော့ သူတို့ရဲ့သေနတ်ကိုယူပြီး အသေ ပစ်သတ်သွားခဲ့ပါတယ်။ ပြီးတော့ သူဟာ ဆက်လျှောက်သွားပြီး ကားပါကင်ထဲက ရပ်ထားတဲ့ကားထဲမှာထိုင်နေ တဲ့ အသက် ၂၂ နှစ်အရွယ် အမျိုးသားတစ်ဦးကိုလည်း ပစ်သတ်ခဲ့ပါတယ်” ဟု အစိုးရရှေ့နေ ဖိလစ်ဒယ်လီက ပြောခဲ့သည်။

ဆက်လက်ပြီး ရှေ့နေက “သူဟာ လီယိုနီဒီဝါဟာကျောင်းထဲကို ၀င်သွားပြီးတော့ အမျိုးသမီးငယ်တစ်ဦးကို ဓားစာခံအဖြစ်ခေါ်သွားချိန်မှာ ရဲက သူ့ကိုဝင်တားခဲ့ပါတယ်။ သူက ရဲတွေနဲ့အပြန်အလှန်ပစ်ခတ်ပြီးတော့ ဒဏ်ရာရရှိပြီး သေဆုံးသွားပါတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

သတင်းဌာနများ၏ ဖော်ပြချက်အရ အဆိုပါတရားခံမှာ ဘန်ဂျမင်ဟာမန်ဟုအမည်ရပြီး ဓားပြမှု၊ မူးယစ်ဆေး ရောင်းဝယ်မှုနှင့် အကြမ်းဖက်မှုတို့ကို ကျူးလွန်ခဲ့ဖူးသူဖြစ်ကြောင်း သိရသည်။

ဖက်ဒရယ်အစိုးရရှေ့နေများက ၄င်းတို့သည် ယင်းဖြစ်စဉ်ကို အကြမ်းဖက်မှုဖြစ်စဉ်ဟု ခေါင်းစဉ်တပ်ကာ စုံစမ်း စစ်ဆေးနေသည်ဟု ဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required