စိတ်ဖိစီးမှုရှိလာသော ဟောင်ကောင်သားများ ထိုင်ဝမ်တွင် ပိုမိုကောင်းမွန်သော ဘဝကိုပိုင်ဆိုင်ရန် ကြိုးပမ်း

စိတ်ဖိစီးမှုရှိလာသော ဟောင်ကောင်သားများ ထိုင်ဝမ်တွင် ပိုမိုကောင်းမွန်သော ဘဝကိုပိုင်ဆိုင်ရန် ကြိုးပမ်း

ဟောင်ကောင်၊ သြဂုတ် ၃၁ ။         ။ အိမ်ခန်းငှားရမ်းမှုမြင့်မားခြင်း၊ နေထိုင်မှုအခြေအနေပြွတ်သိပ်ခြင်းနှင့် နိုင်ငံရေးအနာဂတ်စိုးရိမ်ရမှုတို့ကြောင့် အိမ်နီးချင်း ထိုင်ဝမ်တွင် ပိုမိုကောင်းမွန်သော ဘဝကို ရှာဖွေရန် ကြိုးပမ်းနေသည့် ဟောင်ကောင်သားအရေအတွက်မှာ များပြားလာနေသည်ဟု သိရသည်။

ထိုင်ဝမ်ကျွန်းမှာ ဟောင်ကောင်မှ လေကြောင်းခရီးဖြင့် မိနစ်ကိုးဆယ်ကြာ သွားရပြီး ကမ္ဘာလူဦးရေအထူထပ်ဆုံးမြို့ကြီးတစ်မြို့ဖြစ်သော ဟောင်ကောင်တွင်ရှားပါးသည့် နေရာကျယ်မှုအပြင် ကုန်ကျစရိတ် လည်း ပိုမိုနည်းပါးသည်။ အသက် ၂၈ နှစ်အရွယ်ရှိ ကာလို့စ်ချေအွန်သည် ထိုင်ဝမ်တွင် ခေါက်ဆွဲဆိုင်တစ်ဆိုင်ဖွင့်လှစ်ရန် လွန်ခဲ့သည့်နှစ်က ထိုင်ဝမ်အလယ်ရှိ ထိုက်ချွန်စီးတီးသို့ ပြောင်းရွှေ့ခဲ့သည်။

လက်ရှိလစဉ်ငှားရမ်းခ ဟောင်ကောင်ဒေါ်လာ ၁၀,၀၀၀(အမေရိကန်ဒေါ်လာ ၁,၃၀၀)ထက် ဆယ်ဆပိုသော ကုန်ကျသော အိမ်သာခန်းသာသာနေရာဖြင့် ဟောင်ကောင်တွင် လမ်းဘေးစားသောက်ဆိုင် ဖွင့်ရန် မဖြစ်နိုင်ဟုလည်း ၎င်းကပြောသည်။

ယခင်က ဇိမ်ခံနာရီရောင်းသူဖြစ်ခဲ့သည့် ကားလို့စ်သည် ထိုင်ဝမ်သူဇနီး၏ ခင်ပွန်းအဖြစ် ထိုင်ဝမ်သို့ ပြောင်းရွှေ့နိုင်ခဲ့သည်။" ရောင်းရတားသိပ်မဆိုးပါဘူး။ ဒါ့ကြောင့် ဖိအားလည်း အများကြီးမရှိပါဘူး"ဟု ၎င်းကပြောသည်။

ရင်းနှီးမြုပ်နှံသူ အစီအစဉ်များအရ နည်းပညာဖြင့် အသက်မွေးသူများ သို့ဟုတ် စွန့်ဦးတီထွင်လုပ်ငန်းရှင်များအဖြစ်  မိသားစု ဆက်နွယ်မှုမရှိသော ဟောင်ကောင်သားများလည်း ထိုင်ဝမ်တွင်နေထိုင် ခွင့်လျှောက်ထားနိုင်သည်။ လွန်ခဲ့သည့်နှစ်က ဟောင်ကောင်နှင့် အိမ်နီးချင်း မက္ကာအိုမှ လူ ၇,၄၉၈ ဦးသည် ထိုင်ဝမ်တွင် နေထိုင်ခွင့် ရရှိခဲ့ပြီး အများစုမှာ ဟောင်ကောင်မှ ဖြစ်သည်။

လွန်ခဲ့သည့်နှစ်အကုန်က တရုတ်ပြည်မကြီးက တစ်စိတ်တစ်ပိုင်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ကို ချုပ်ကိုင်မှု တင်းကျပ်လိုက်သဖြင့်  ဒီမိုကရေစီအပြည့်အ၀ တောင်းဆိုသော ကြီးမားသည့် ဆန့်ကျင် ဆန္ဒပြမှုများဖြစ်ပေါ်ခဲ့ရာ ဟောင်ကောင်ဒေသခံများ စိုးရိမ်မှုမြင့်မားလာခဲ့သည်။

ထိုင်ဝမ်လည်း တရုတ်ပြည်မကြီး၏ သင်းကွဲပြည်နယ်တစ်ခုအဖြစ် တရုတ်က ကြေညာထားသော်လည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရှိသည့် ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် အချို့က ရှုမြင်ကြသည်။ တရုတ်၏သြဇာနှင့် ပတ်သက်သည့် စိုးရိမ်မှုများမှာ အသစ်အဆန်းမဟုတ်ဘဲ  ဗြိတိန်က တရုတ်သို့ ဟောင်ကောင်ကိုလွှဲပြောင်းခဲ့သည့် ၁၉၉၇ခုနှစ်ကပင် ဟောင်ကောင်သား ၄၀,၃၀၀ခန့်မှာ ဟောင်ကောင်မှ ထွက်ခွာခဲ့ကြ သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly