သဘာဝဘေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြင်ဆင်ထားဟု ဆို

သဘာဝဘေးအတွက် စစ်ကိုင်းတိုင်းဒေသကြီးတွင် ပြင်ဆင်ထားဟု ဆို

မုံရွာ မေ ၂၉ ။              ။ စစ်ကိုင်းတိုင်းတွင် သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်လာပါ ကူညီကယ်ရေးလုပ်ငန်းများကို အချိန်နဲ့တပြေးညီ လုပ်ဆောင်နိုင်ရန် အသင့်ပြင်ဆင်ထားတယ်လို့ စစ်ကိုင်းတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမင်းစန်းအေးက ပြောပါတယ်။

ဒီကနေ့ မေလ ၂၉ ရက် နံနက်ပိုင်းက တိိုင်းအတွင်းရှိ မီးသတ်စခန်းမှာ တိုင်းအစိုးရက ကူညီထောက်ပံထားတဲ့ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းသုံး ပစ္စည်းတွေနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ လေ့ကျင့်မှုတွေပြုလုပ်ခဲ့ပါတယ်။

'' သဘာဝဘေး ဖြစ်တာနဲ့ နီးစပ်ရာ မီးသတ်စခန်းတွေကို သတင်းပေး အကြောင်းကြားနိုင်ပါတယ် ကူညီဖို့လည်း အသင်ပါ့ မိုးလေဝသ သတင်းတွေအရ စစ်ကိုင်းတိုင်းထဲမှာဆိုရင် မုံရွာလို့ပါတယ် အဲ့ဒီအတွက် တစ်ခုခုဖြစ်တာနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေ အချိန်နဲ့တပြေးညီ လုပ်နိုင်အောင် တတိုင်းလုံးကိုလည်း ညွန်ကြားထားတယ် မီးသတ်တပ်ဖွဲ့တွေ အသင့်ရှိနေပါတယ်လို့ ညွန်ကြားရေးမှူး ဦးမင်းစန်းက ပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် မီးသတ်တိုင်းတပ်ခွဲ ၁၁၆ ဦး မြို့နယ် (၃၇)မြို့နယ်မှာ (၃၅) ဦး ဖွဲ့စည်းထားတယ်လို့ သိရပါတယ်။

ဘင်္ဂလားပင်လယ်အော်ထဲမှာ အနီရောင်အဆင့် မုန်တိုင်းငယ် ဖြစ်ပေါ်နေပြီး မုန်တိုင်းအရှိန်ကြောင့် နေပြည်တော်၊ စစ်ကိုင်း၊ မန္တလေး၊ မကွေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ကချင် ရှမ်း၊ ချင်း၊ ရခိုင် နှင့် မွန်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးခြင်းနှင့် ဒေသအလိုက်မိုးကြီးခြင်းများ ဖြစ်ပေါ်မယ်လို့ မိုးဇလမှ ခန့်မှနိးထားပါတယ်။

၂၀၁၈ ခုနှစ် ဇန်နဝါရီလမှ ဧပြီလအတွင်း စစ်ကိုင်းတိုင်းမှာ လေပြင်းတိုက်ခတ်မှု ၃၇ ကြိမ်ဖြစ်ပွားခဲ့ပြီး ယင်းမာပင်၊ ကန့်ဘလူ၊ ကျွန်းလှ၊ ဟုမ္မလင်း၊ တန့်ဆည်၊ ကနီ စတဲ့မြို့နယ်တွေမှာ အများဆုံး ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

ဧပြီလအတွင်း လေပြင်းတိုက်ခတ်မှုကြောင့် စစ်ကိုင်းတိုင်းအတွင်း ကျပ်သိန်းပေါင်း ၈၀၀ ကျော် လေဘေးသင့်ပြည်သူတွေကို ထောက်ပံခဲ့တယ်လို့ သိရပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly