ရေဘေးသတင်းအမှားများ ထုတ်လွင့်သူများကို ဖော်ထုတ် အရေးယူမည်ဟု ဦးရဲထွဋ်ပြော

ရေဘေးသတင်းအမှားများ ထုတ်လွင့်သူများကို ဖော်ထုတ် အရေးယူမည်ဟု ဦးရဲထွဋ်ပြော

ရန်ကုန် သြဂုတ် ၃၁ ။       ။ ဇူလိုင်နှင့် သြဂုတ်လအတွင်း မိုးကြီးရေထန်မှုကြောင့် ရေဘေးသင့်ခဲ့သည့် အချိန်အတွင်း ရေဘေးသတင်းအမှားများ ထုတ်လွင့်သူများ ကိုဖော်ထုတ်အရေးယူ မည်ဟုပြန် ကြားရေးဝန်ကြီး ဦးရဲထွဋ်က ၎င်း၏ တရားဝင် လူမှုကွန်ယက်တွင် သြဂုတ် ၃၁ရက် နေ့လည် ၁နာရီခန့်က ရေးသားသည်။

"ရေဘေးသင့်ပြည်သူတွေကို စိတ်ဒုက္ခရောက်အောင် သတင်းမှားတွေ အကြိမ်ကြိမ် ထုတ်လွှင့်နေတဲ့ ဆိုဒ်များကို report လုပ်ကြပါ။ ကျွန်တော်တို့ဘက်ကလည်း ဖော်ထုတ်ပြီး သဘာဝဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၃ ) အရ အရေးယူနိုင်ဖို့ဆောင်ရွက်ပါ့မယ်။" ဟု ၎င်းကရေးသားထားသည်။

၎င်းတို့ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ (၂၀၁၃ ) ပုဒ်မ ၂၇ပါ မည်သူမဆိုအများပြည်သူ အထိတ် တလန့်ဖြစ်စေရန် ရည်ရွယ်ချက်ဖြင့် သဘာဝဘေးအန္တရာယ်နှင့် စပ်လျဉ်း၍ မဟုတ်မမှန် သတင်းလွှင့်ကြောင်း ပြစ်မှု ထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဆိုသည့်ပြဌာန်းချက်ဖြင့် အရေးယူနိုင်ရန် ဆောင်ရွက်မည်ဟုလည်း ပါရှိသည်။

ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လအတွင်း မိုးကြီးရေလျှံမှုကြောင့် ပြည်နယ်နှင့် တိုင်းအနံ့ှမှ လူဦးရေ ၁ ဒဿမ ၆သန်းကျော် ရေဘေးသင့်ပြီး လူဦးရေ ၁၂၂ ဦး အသက်ဆုံးခဲ့သည်ဟု အစိုးရ၏ သြဂုတ် ၃၀ စာရင်း ကဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required