သမ္မတပူတင်နှင့် ဂျပန်ဝန်ကြီးချုပ်အာဘေးတို့ ကူရီလ်ကျွန်းစုများအရေး ငြိမ်းချမ်းရေးသဘောတူညီမှု ဆွေးနွေး

သမ္မတပူတင်နှင့် ဂျပန်ဝန်ကြီးချုပ်အာဘေးတို့ ကူရီလ်ကျွန်းစုများအရေး ငြိမ်းချမ်းရေးသဘောတူညီမှု ဆွေးနွေး

မော်စကို၊ ရုရှား၊ မေ ၂၇ ။           ။ ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် ဂျပန်ဝန်ကြီးချုပ်ရှင်ဇိုအာဘေးတို့သည် ကူရီလ်ကျွန်းစုများနှင့် ပတ်သက်၍ နယ်မြေအငြင်းပွားမှုများကို   ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေးသဘောတူညီမှုရရှိဖို့အရေး စနေနေ့က တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

ဒုတိယကမ္ဘာစစ်ပြီးဆုံးခဲ့သည့်ကာလများက ဆိုဗီယက်တို့ဘက်မှ သိမ်းပိုက်ထားခဲ့သော ယင်းကျွန်းစုများသည် နှစ်နိုင်ငံဆက်ဆံရေးကြား နှစ် ရ၀ ခန့်ကြာအောင် ခလုတ်ကသင်းတစ်ခုအဖြစ်ရှိနေခဲ့သည်။

“နှစ်နိုင်ငံစလုံးအတွက် လက်ခံနိုင်စရာဖြစ်စေမယ့်အပြင် ဂျပန်နဲ့ ရုရှားတို့အတွက် ကျေနပ်လောက်စရာ အကျိုးကိုရရှိစေနိုင်မယ့် ဖြေရှင်းချက်မျိုးကို စိတ်ရှည်ရှည်နဲ့ ဆက်လက်ရှာဖွေသွားနိုင်ရေးဟာ အရေးကြီးတယ် လို့ ကျုပ်တို့ယုံကြည်ပါတယ်” ဟု ပူတင်က ဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်တွင် ပြောဆိုခဲ့ သည်။

ဒါ့အပြင် ပူတင်က ဂျပန်နိုင်ငံသားများ ကူရီလ်ကျွန်းစုများဆီသို့ လာရောက်လည်ပတ်ခွင့်ပြုနိုင်ရေးအတွက် လည်း ရုရှားတို့ဘက်မှ ကူညီသွားမည်ဟု ဖြည့်စွက်ပြောဆိုခဲ့သည်။

“အငြင်းပွားမှုတွေကိုဖြေရှင်းရတာဟာ မလွယ်ကူပါဘူး။ ဒါပေမယ့် ကျုပ်တို့မျိုးဆက်အတွင်းမှာပဲ ဒီကိစ္စကို အပြီးဖြတ်သွားချင်ပါတယ်” ဟု အာဘေးက ပြောဆိုခဲ့သည်။ ဒါ့အပြင် အာဘေးက ဂျပန်နိုင်ငံသားများအား ကျွန်းပေါ်ရှိ ၄င်းတို့၏ဆွေမျိုးများ၏ အုတ်ဂူများဆီသို့ လာရောက်လည်ပတ်ခွင့်ပြုသည့် ရုရှားအစိုးရကိုလည်း ကျေးဇူးတင်ကြောင်း ဖြည့်စွက်ပြောဆိုခဲ့သည်။

ဂျပန်နှင့် ဆိုဗီယက်တို့ကြားတွင် ဒုတိယကမ္ဘာစစ်အတွင်းက ကိစ္စရပ်များကို လွန်ခဲ့သော ၁၉၅၆ ခုနှစ်ကတည်း က စတင်ဆွေးနွေးနေခဲ့ကြပြီး သမ္မတပူတင်နှင့် ၀န်ကြီးချုပ်အာဘေးတို့၏ ထိပ်သီးစည်းဝေးပွဲသည် နှစ်နိုင်ငံ အစိုးရအဆက်ဆက် အဖြေရှာရန်ကြိုးပမ်းနေသည့် ဆွေးနွေးပွဲများထဲမှ တစ်ခုဖြစ်သည်။

၀န်ကြီးချုပ်အာဘေး၏ ကွယ်လွန်သူဖခင်ကြီးရှင်တာရိုလည်း နိုင်ငံခြားရေးဝန်ကြီးချုပ်အဖြစ် မော်စကိုအစိုးရနှင့် ညှိုနှိုင်းဆွေးနွေးခဲ့ဖူးပြီး လွန်ခဲ့သော ၁၉၉၁ ခုနှစ်က ကင်ဆာရောဂါကြောင့် ကွယ်လွန်သွားခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required