မွေးနေ့မှာ အသက်ကို ထုတ်ပြောလိုက်တဲ့ မအေးသောင်း

မွေးနေ့မှာ အသက်ကို ထုတ်ပြောလိုက်တဲ့ မအေးသောင်း
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်၊ မေ ၂၇ ။            ။ အနုပညာရှင် အေးဝတ်ရည်သောင်းခေါ် မအေးသောင်းရဲ့  မေလ ၂၇ ရက်တွင် ကျရောက်တဲ့ အသက် ၃၄ နှစ် ပြည့် မွေးနေ့အမှတ်တရအဖြစ်  ရန်ကုန်မြို့၊ စိန့်မေရီဘုရားကျောင်းမှာ ကလေးတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။

ကျိုက်ဝိုင်းမသန်စွမ်းကျောင်း၊ ကျိုက်ဝိုင်းမိဘမဲ့ဂေဟာနဲ့ မေရီချက်မင်းကျောင်းတွေက ကလေးငယ် ၅၀ ကို တက်ရောက်ဖို့ ဖိတ်ကြားထားခဲ့ပြီး မွေးနေ့ကို ကလေးတွေနဲ့အတူ ကျင်းပခဲ့တာပါ။

အခုလို ကလေးတွေနဲ့အတူမွေးနေ့ပွဲကျင်းပရတာဟာ ကလေးတွေကို ခဏတာပဲဖြစ်ဖြစ် ပျော်ရွင်စေချင်လို့ ဖြစ်တယ်လို့ မအေးသောင်းက ပြောပါတယ်။

“ အသက်ကတော့ ၃၄ နှစ်ပြည့်ပါပြီ။ နှစ်တိုင်းတော့လုပ်နေကျတာ။ မိဘမဲ့ကလေးတွေကို လှူနေကျပေါ့။ ဒီနှစ်တော့ ကျောင်းပေါင်းစုံလေးလဲဖြစ်ချင်တာပေါ့ ကျောင်းသုံးကျောင်းကို တစ်ပြိုင်တည်း သွားလှူဖို့ကြ တော့လည်း အချိန်မရတာနဲ့။ အချိန်မှီမရောက်နိုင်ရင် ကိုယ့်ကိုစောင့်နေရမှာ အားနာတာနဲ့ အဲဒါကြောင့်မို့လို့ ဒီနေရာမှာ စုပြီးတော့ ဘုရားကျောင်းမှာပဲ စုပြီးတော့လုပ်ဖြစ်တာပါ ” လို့ မအေးသောင်းက ပြောပါတယ်။

ကျောင်း ၃ သုံးကျောင်းက ကလေးတွေက သီချင်းသီဆိုတာတွေ၊ ကပြဖျော်ဖြေတာတွေကိုလည်း ပြုလုပ်ခဲ့ပြီး ကလေးတွေအတွက် ငွေလှူဒါန်းတာတွေကိုလည်းပြုလုပ်ခဲ့ပြီး အနုပညာရှင်အချို့လည်း   မွေးနေ့ပွဲကို တက်ရောက်လာရောက်ခဲ့ကြပါတယ်။

အေးဝတ်ရည်သောင်းဟာ ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ဖြစ်ပြီးတော့ လွန်ခဲ့တဲ့နှစ်အနည်းငယ်က လူမှုကွန်ယက်တစ်ခုဖြစ်တဲ့ Facebook ကနေ မအေးသောင်း၊ မပေါက်စီ အစရှိတဲ့နာမည်တွေနဲ့ နာမည်ပိုရလာတဲ့ အနုပညာရှင်တစ်ယောက်လည်း ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required