ကလေးမယူဖို့ဆုံးဖြတ်ထားသော အမျိုးသမီးများအတွက် ကောင်းကျိုးဆိုးကျိုးများ

ကလေးမယူဖို့ဆုံးဖြတ်ထားသော အမျိုးသမီးများအတွက် ကောင်းကျိုးဆိုးကျိုးများ

ရေးသားသူ Dr . Phyu Mon Latt
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. K Zin Thwe.

ကလေးမရှိခြင်းရဲ့ ဆိုးကျိုးများ

(၁)လူမှုရေးပိုင်းဆိုင်ရာ ခွဲခြားခံရခြင်း

လူအများစုဟာ မိခင်ဘဝကို မျှော်လင့်ထားတဲ့ ယဉ်ကျေးမှုမှာ ကြီးပြင်းလာကြပါတယ်။ ဒါဟာ စစ်မှန်တဲ့ မိသားစုဘဝရဲ့ အဓိက အဓိပ္ပါယ်ဖွင့်ဆိုချက်ပဲဖြစ်ပါတယ်။ သင်လက်ထပ်လိုက်ရင် ကလေးမွေးမယ်၊ အသက်ကြီးလာမယ်၊ ပြီးရင် သေသွားမယ်။ ဒါတွေကို မျှော်လင့်ထားကြပါတယ်။ လူအတော်များများအတွက်ကတော့ သူတို့ကလေးရမရဆိုတာ တစ်ခါမှ မစဉ်းစားဖူးကြပါဘူး။ ဒီအချိန်မှာမေးခွန်းကတော့ ဘယ်တော့လဲ ဆိုတာနဲ့ ဘယ်နှစ်ယောက်လဲ ဆိုတာပဲဖြစ်ပါတယ်။ ဒါကြောင့် ကလေးမယူတဲ့ အမျိုးသမီးတွေကို မျိုးဆက်ပွားတာဝန်ကို လစ်လျူရှုပြီး သူတို့ဘဝကိုသာ ရှေ့တန်းတင်တဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ အမျိုးသမီးတွေ အဖြစ် မှတ်ယူတတ်ကြပါတယ်။ ကလေးမယူခြင်းကို လက်ခံထားတဲ့ ပွင့်လင်းတဲ့ ယဉ်ကျေးမှုရှိတဲ့ အသိုင်းအဝိုင်းမှာတောင် အမျိုးသမီးအများစုဟာ ကလေးမွေးတဲ့အကြောင်း ပြုစုတဲ့အကြောင်းတွေ ဆွေးနွေးတတ်ကြတဲ့ သူတို့ရဲ့ မိတ်ဆွေတွေကြားမှာ အထီးကျန်သလို ခံစားရတတ်ပါတယ်။

(၂) အလုပ်ခွင်မှာ ကောင်းကောင်း ဆက်ဆံမှု မခံရခြင်း

အလယ်အဆင့် အလုပ်သမားတွေမှာ လုပ်ခဲ့တဲ့ ၂၀၁၃ သုတေသနတစ်ခုက ကလေးမမွေးဖို့ ဆုံးဖြတ်ထားတဲ့အမျိုးသမီးတွေမှာ လိုင်ပိုင်းဆိုင်ရာ စော်ကားခံရမှုတွေကို ကလေးအမေတွေထက် ပိုမို ခံရလေ့ရှိတယ်လို့ ဆိုပါတယ်။ ကလေးကို ဂရုစိုက်ဖို့ အချိန်သိပ်မပေးနိုင်တဲ့ အလုပ်လုပ်နေတဲ့ မိခင်တွေဟာ ကလေးကို အချိန်ပိုပေးတဲ့ မိခင်တွေနဲ့ ယှဉ်ရင် ကောင်းစွာ ဆက်ဆံခြင်း မခံရဘူးလို့ဆိုပါတယ်။ ဒီလို ကောင်းကောင်း မဆက်ဆံခံရခြင်းတွေမှာ လစ်လျူရှုခံရခြင်း၊ အချက်အလက်တွေ မသိရှိခြင်း၊ မလေးစားခြင်း အစရှိတာတွေ ပါဝင်ပါတယ်။

(၃) အသက်ကြီးချိန်မှာ အထီးကျန်ခြင်း

ကလေးမရခြင်းဟာ သင့်ကိုယ်သင် အားကိုးဖို့လိုအပ်ပြီး အနာဂတ်အတွက် အစီအစဉ်တွေလုပ်ရာမှာ အထူးသဖြင့် ကျန်းမာရေးနဲ့ ငွေကြေးပိုင်းဆိုင်ရာ ပြဿနာတွေ ကြံုတွေ့ရနိုင်ပါတယ်။ လူမှုရေးအရ အထောက်အပံ့တွေလည်း အများကြီးလိုနိုင်ပါတယ်။ သင်လိုအပ်ချိန်မှာ အကူအညီဖြစ်စေဖို့ အခြားသူတွေနဲ့ ရင်းနှီးစွာ နေဖို့လည်း လိုအပ်ပါတယ်။ စိတ်ရောဂါကု ဆရာဝန်တွေက ကလေးမရတဲ့သူတွေဟာ ကလေးရှိပြီးသူတွေထက် အသက်ကြီးလာချိန်မှာ အထီးကျန်ခြင်းနဲ့ စိတ်ကျခြင်းဖြစ်ဖို့ ပိုမို အခွင့်အလမ်းများတယ်လို့ ဆိုပါတယ်။

ကလေးရှိခြင်းရဲ့ အကျိုးကျေးဇူးများ

(၁) ငွေကြေးပိုင်းဆိုင်ရာ တည်ငြိမ်ခြင်း

အမျိုးသမီးတစ်ယောက်ဟာ ကလေးတစ်ယောက် မွေးတိုင်းမှာ သူမရဲ့ လောလောဆယ်နဲ့ အနာဂတ် လစာထဲက ၅ ရာခိုင်နှုန်း လျော့သွားတယ်ဆိုတာ သင်သိပါသလား။ Kevin Miller  က အလုပ်ရနိုင်ခြင်းနဲ့ လခရရှိခြင်းတွေဟာ သင့်မှာ ကလေးရှိခဲ့ရင် ရနှုန်းနည်းပါးပါတယ်။ National Bureau စီးပွားရေးရာသုတေသနတစ်ခု က ထုတ်ဝေခဲ့တဲ့ ဂျာနယ်နောက်တစ်ခုမှာတော့ ကလေးတစ်ယောက်ရှိခြင်းဟာ ကျွမ်းကျင်တဲ့ ပညာ မြင့်မားတဲ့ အမျိုးသမီးတစ်ယောက်မှာ သူမရဲ့ ဘဝတစ်လျှောက်မှာ ဒေါ်လာ ၂၃၀၀၀၀ နဲ့ ညီမျှတဲ့ ပိုက်ဆံကို အသုံးပြုရနိုင်တယ်လို့ ဆိုပါတယ်။ ပညာနိမ့်တဲ့ အမျိုးသမီးတစ်ယောက်မှာတော့ ဒေါ်လာ ၄၉၀၀၀ ကုန်ကျနိုင်တယ်လို့ ဆိုပါတယ်။

(၂) အချိန်၊ လွတ်လပ်မှု၊ အခွင့်အရေး

သင့်မှာကလေးမရှိရင် တာဝန်လည်း မရှိပါဘူး။သင့်အိပ်မက်တွေ၊ ရည်မှန်းချက်တွေကို အောင်မြင်ဖို့ တားမြစ်နေတဲ့ အချက်လည်းမရှိပါဘူး။ နောက်ဘွဲ့တစ်ခုရဖို့ တက္ကသိုလ် ဆက်တက်နိုင်ခြင်း၊ ကမ်းခြေနားမှာ အပန်းဖြေအိမ် ဝယ်နိုင်ခြင်း၊ ကမ္ဘာအခြားတစ်ဖက်မှာ သင်လိုချင်တဲ့ အလုပ်ကို လက်ခံနိုင်ခြင်း အစရှိတာတွေ လုပ်နိုင်ပါတယ်။ ကလေးမရှိတဲ့ နေထိုင်မှုဟာ အမျိုးသမီးတစ်ယောက်ကို အားအင်၊ အချိန်၊ လွတ်လပ်မှုတွေ ပိုမိုပေးစွမ်းနိုင်ပြီး သူမလိုချင်တဲ့စိတ်ကြိုက် ဘဝနေထိုင်မှုကို ရွေးချယ်နိုင်ပါတယ်။ အင်္ဂလန် နဲ့ အမေရိကားမှာလုပ်ခဲ့တဲ့ လူ၅၀၀၀ ပါဝင်တဲ့ လေ့လာမှုတစ်ခုအရ သုတေသီတွေက ကလေးမရှိတဲ့ မိဘတွေဟာ ကလေးရှိတဲ့ မိဘတွေနဲ့ ယှဉ်ရင် ဘဝကိုကျေနပ်မှု၊ ဆက်ဆံရေးကို ကျေနပ်မှု ပိုမို များပြားတယ်လို့ ဆိုပါတယ်။

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly