ကွန်ဂိုတွင် အီဘိုလာကြောင့် သေဆုံးသူ ဆယ်ဦးအထိ မြင့်တက်လာ

ကွန်ဂိုတွင် အီဘိုလာကြောင့် သေဆုံးသူ ဆယ်ဦးအထိ မြင့်တက်လာ

ကင်ရှာရာ၊ မေ ၂၆ ။           ။ ကွန်ဂိုတွင် အီဘိုလာရောဂါ နောက်ဆုံးပျံ့နှံ့ဖြစ်ပွားမှုအတွင်း သေဆုံးသူဦးရေက ဆယ်ဦးအထိ မြင့်တက်ရှိလာပြီး နိုင်ငံတစ်လွှား ရောဂါကူးစက်ဖြစ်ပွားသူပေါင်း ၃၅ ဦး ရှိနေကြောင်း ကျန်းမာရေး ဝန်ကြီးဌာနက မေ ၂၆ ရက်တွင် ကြေညာသည်။

ယခု နောက်ဆုံးစာရင်းအရ အီဘိုလာကူးစက်သည့် လက္ခဏာများ ပြသ၍ သေဆုံးသူဦးရေကို စုစုပေါင်း ၂၃ ဦးအထိ ရှိသွားစေသည်။

အီဘိုလာ စိုးရိမ်မကင်းရသည့် ဦးရေမှာ စုစုပေါင်း ၅၄ ဦး ရှိပြီး သံသယရှိသူက ခြောက်ဦး၊ ကူးစက်ခံထားရခြေ ရှိနေသည်ဟု ယူဆခံထားရသူက ၁၃ ဦးနှင့် ကူးစက်ခံထားရသူပေါင်းက ၃၅ ဦး ရှိကြောင်း သိရသည်။

ကူးစက်ပြန့်နှံ့သည့် နယ်မြေဧရိယာ သုံးခုမှာ ကျေးလက်တောနယ်ပိုင်း ဘီကိုရိုနှင့် အီဘိုကိုတို့အပြင် အနောက်မြောက်ပိုင်း အီကွာတောပြည်နယ်၏ မြို့တော် မန်ဘန်ဒါကာမြို့ကြီးလည်း အပါအဝင် ဖြစ်သည်။ အဆိုပါ မြို့ကြီးသည် လူဦးရေ သုံးသိန်းခွဲကျော်ရှိပြီး ကွန်ဂိုမြစ်တစ်လျှောက် သယ်ယူပို့ဆောင်ရေးနှင့် ကုန်သွယ်ရေးတို့အတွက် အဓိကမြို့ကြီး တစ်မြို့လည်း ဖြစ်သည်။

ဆောင်ရွက်နေဆဲ ကုသရေးလုပ်ငန်းစဉ် ဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများနှင့် ရောဂါကူးစက်ခံရသူများနှင့် ထိတွေ့မိသူများကို ကာကွယ်ဆေးထိုးပေးနေခြင်း ဖြစ်သည်။

အီဘိုလာကို စတင်တွေ့ရှိသည့် ၁၉၇၆ ခုနှစ်မှစလျှင် ကွန်ဂိုတွင် ယခုအကြိမ် ဖြစ်ပွားမှုသည် ကိုးကြိမ်မြောက် ပျံ့နှံ့ဖြစ်ပွားမှုလည်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required