ဝုဖ်ဘတ်ကွင်းလယ် ဖန်တီးရှင် ဒီဘရိုင်းကို ပေါင် ၅၂ သန်းဖြင့် မန်စီးတီးခေါ်ယူ

ဝုဖ်ဘတ်ကွင်းလယ် ဖန်တီးရှင် ဒီဘရိုင်းကို ပေါင် ၅၂ သန်းဖြင့် မန်စီးတီးခေါ်ယူ

သြဂုတ် ၃၁၊ မန်ချက်စတာ ။       ။ ဝုဖ်ဘတ်အသင်းထံမှ ချယ်လ်ဆီးကွင်းလယ်ဖန်တီးရှင်ဟောင်း ကီဗင်ဒီဘရိုင်းကို ပေါင် ၅၂ သန်းဖြင့် ခေါ်ယူနိုင်ခဲ့ပြီဟု မန်စီးတီးအသင်းက အတည်ပြုကြောညာခဲ့သည်။

၂၀၁၄ တွင်ဘွန်ဒက်စ်လီဂါသို့မပြောင်းခင် ချယ်လ်ဆီးအသင်း၌ နှစ်နှစ်ကြာကစားခဲ့ဖူးသည့် အသက် ၂၄ နှစ်အရွယ်ဒီဘရိုင်းသည် စာမချုပ်မီ စနေနေ့တွင် မန်စီးတီးအသင်းနှင့် ဆေးစစ်မှုခံယူခဲ့သည်။

ဒီဘရိုင်းသည် မန်စီးတီးအသင်း၏ နွေရာသီငွေကြေးအမြောက်အမြားသုံးစွဲခေါ်ယူမှုအဖြစ် စတာလင်း၊ အော်တာမန်ဒီနှင့် ဖေဘီယန်ဒဲလ်ဖ်တို့ ပြီးနောက် အသင်းသို့ရောက်လာသည့်ဈေးကြီး ကစားသမား တစ်ဦးဖြစ်လာခဲ့သည်။

မန်စီးတီးအသင်းနှင့်ခြောက်နှစ်စာချုပ်ပြီးနောက် ဒီဘရိုင်းက "ကစားသမားတစ်ယောက်အနေနဲ့ ဖြစ်နိုင်သမျှအမြင့်ဆုံးအဆင့်ကိုရောက်ချင်ပြီး အရေးကြီးဆုံးကတော့ ရာသီကုန်မှာဆုဖလားတချို့ရပြီး ကျွန်တော်တို့ပျော်ရွှင်ကြဖို့လို့ တွေးထားပါတယ်။ ဒါကအသင်းအတွက်၊ ကစားသမား တွေအတွက်၊ ပရိသတ်တွေအတွက်လည်း အရေးကြီးဆုံးအရာပဲလို့ ထင်ပါတယ်"ဟု အသင်းဝက်ဘ်ဆိုက်သို့ပြော သည်။

အသင်းပြောင်းဖြစ်ခဲ့သည့်အကြောင်းများ၊ ပရီးမီးယားလိဂ်မှာ ကမ္ဘာ့အကောင်းဆုံးလိဂ်ဖြစ်သည့်အကြောင်းများနှင့် ဘွန်ဒက်စ်လီဂါအတွေ့အ ကြုံများကိုလည်း ဒီဘရိုင်းက မန်စီးတီး ရုပ်သံနှင့်တွေ့ဆုံဖြေ ကြားပေးခဲ့သည်။ ဒီဘရိုင်းသည်မန်စီးတီးအသင်းတွင် ကျောနံပါတ် ၁၇ ဝတ်ဆင် ကစားမည်ဖြစ်သည်။

Ref; Daily Mail

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required