အိန္ဒိယ - မြန်မာနယ်စပ် မူးယစ်ဆေးကင်းရေးအတွက် တမူးမြို့တွင် လူထုဆန္ဒထုတ်ဖော်ပွဲပြုလုပ်

အိန္ဒိယ - မြန်မာနယ်စပ် မူးယစ်ဆေးကင်းရေးအတွက် တမူးမြို့တွင် လူထုဆန္ဒထုတ်ဖော်ပွဲပြုလုပ်

 

တမူး၊ မေ - ၂၆ ။                    ။ အိန္ဒိယ-မြန်မာ နယ်စပ်တလျောက် မူးယစ်ဆေးဝါးကင်းစင်ရေးအတွက် မေလ ၂၆ ရက်မနက်ပိုင်းက တမူးမြို့ တွင် လူထုဆန္ဒထုတ်ဖော်ပွဲ ပြုလုပ်ခဲ့သည်။

နယ်စပ်တစ်လျောက်ဖြစ်ပွားနေသည့် မူးယစ်ပြဿနာများကို နှစ်နိုင်ငံအတူပူးပေါင်း ဖြေရှင်းနိုင်ရေးအတွက် တမူးမြို့အရပ်ဖက်အဖွဲ့အစည်းများနှင့် ဒေသခံများ စုပေါင်း၍ ပြုလုပ်တာဖြစ်သည်။

ယခုပြုလုပ်သည့်ပွဲအတွက် နှစ်နိုင်ငံနယ်စပ်ကို ဖြတ်သန်းသွားလာခွင့်နှင့် နယ်စပ်စျေးဖြစ် သည့် နန်းဖာလုံစျေး ကို ၂၄ နာရီ ပိတ်ခဲ့ကြောင်း သိရသည်။

“ မူးယစ်ပြဿနာတွေကို နှစ်နိုင်ငံ ပူးပေါင်းဖြေရှင်းနိုင်ဖို့ အတွက်အခုပွဲကို လုပ်ရတာပါ။ တမူးခရိုင်အတွင်းမှာ အရင်ကထက် မူးယစ်ဆေးဝါးသုံးစွဲတဲ့ သူတွေပိုများလာတယ်။ အဲ့အတွက် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ ဒေသခံ စုပေါင်းပြုလုပ်တာပါ ။ တဖက်နိုင်ငံကိုလည်း လက်ညိုးထိုးမနေဘဲ နှစ်နိုင်ငံပေါင်းပြီး မူးယစ်ဝါး ပြဿနာတွေကို ဖြေရှင်းဖို့ အဖြေရှာကြမယ်။ ဒီပွဲက တစ်ဖက်နိုင်ငံသိအောင် ပြုလုပ်တာပါ ။ ဒီကိစ္စနဲ့ ပက်သက်ပြီး နောက်လထဲမှာ နှစ်နိုင်ငံ အရပ်ဖက်အဖွဲ့အစည်းတွေ တွေဆုံပွဲရှိပါတယ်လို” ဟု တမူး လူငယ် ကွန်ယက်အဖွဲ့မှ ကိုအောင်သူချမ်းက မဇ္ဈိမသို့ ပြောသည်။

အဆိုပါပွဲကို တမူးမြို့ ဗိုလ်ချုပ်ပန်းခြံမှစတင်၍ မူးယစ်ဆေးဝါးကင်းစင်ဖို့ ပြည်သူတွေပူးပေါင်းပါဝင်စို့၊ပြည်သူတွေ မူးယစ်ကျွန်ဘဝမှ လွတ်မြောက်ရေး စသည့် မြန်မာဘာသာ၊ အင်္ဂလိပ်ဘာသာဖြင့် ရေးထားသည့် ဆိုင်းဘုတ် များကို ကိုင်ဆောင်ပြီး မြို့တစ်ပတ် စီတန်းလှည့်လည်ခဲ့ကြောင်းသိရသည်။

တမူးခရိုင်အတွင်း မူးယစ်ဆေးဝါး ဖမ်းဆီးမှုသည် ၂၀၁၅ ခုနှစ်က ၈၄ မှု တရားခံ ၁၁၇ ဦး၊ ၂၀၁၆ ခုနှစ်က ၈၄ မှု တရားခံ ၁၃၇ ဦးရှိပြီး  ၂၀၁၇ ခုနှစ်က ၁၀၇ မှု တရားခံ ၁၄၉ ဦးရှိကာ ယခုနှစ် မေလ ၁၇ ရက်အထိ ၅၂ မှုနှင့်် တရား ၅၀ ဦး ဖမ်းဆီးရမိကြောင်း တမူးခရိုင် မူယစ်တပ်ဖွဲ့စု (၇)မှ စာရင်းများအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly