ထိပ်သီးအစည်းအဝေး ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားဖက်က တုံ့ပြန်မှုအပေါ် ထရမ့် ကြိုဆို

ထိပ်သီးအစည်းအဝေး ဖျက်သိမ်းခြင်းနှင့် ပတ်သက်၍ မြောက်ကိုရီးယားဖက်က တုံ့ပြန်မှုအပေါ် ထရမ့် ကြိုဆို

ဝါရှင်တန်၊ မေ ၂၅ ။            ။ လာမည့်လတွင် ကျင်းပမည့် ထိပ်သီးအစည်းအဝေးအား အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ပယ်ဖျက်သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်ပြီး မြောက်ကိုရီးယားနိုင်ငံဖက်က တုံ့ပြန်ချက်ကို ကြိုဆိုလက်ခံကြောင်း မေ ၂၅ ရက်တွင် ထရမ့်က ပြောသည်။

စင်ကာပူတွင် ဇွန် ၁၂ ရက်မှာ ကျင်းပပြုလုပ်ရန် စီစဉ်ထားသော အမေရိကန်နှင့် မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးအား ထရမ့်က ပယ်ဖျက်လိုက်ပြီးနောက် မြောက်ကိုရီးယားနိုင်ငံက မည်သည့်အချိန်မဆို ဆွေးနွေးပွဲအတွက် ဆန္ဒရှိနေဆဲဖြစ်ကြောင်း ပြေလည်ရာ ပြေလည်ကြောင်း တုံ့ပြန်ခဲ့ခြင်း ဖြစ်သည်။

ထိုသို့ တုံ့ပြန်ချက်အပေါ် မြောက်ကိုရီးယား၏ အရာရောက် အကျိုးရှိသော တုံ့ပြန်ချက်အဖြစ် ထရမ့်က ကြိုဆိုလိုက်ခြင်းပဲ ဖြစ်သည်။

“မြောက်ကိုရီးယားနိုင်ငံဖက်က နွေးထွေးပြီး အကျိုးရှိတဲ့ ထုတ်ပြန်ချက်ကို လက်ခံရရှိတာဟာ အလွန်ကောင်းတဲ့ သတင်းပါပဲ။”ဟု တွစ်တာတွင် ထရမ့်က ရေးသားခြင်း ဖြစ်သည်။

မြောက်ကိုရီးယား၏ ရန်လိုမှုများကြောင့် အစည်းအဝေးကို ပယ်ဖျက်သည်ဟု ထိတ်လန့်တုန်လှုပ်ဖွယ် ဆုံးဖြတ်ပြီး နောက်တစ်ရက်တွင် ထရမ့်က ယခုကဲ့သို့ ပြောလာခြင်း ဖြစ်သည်။

“ချမ်းသာကြွယ်ဝမှုနဲ့ ငြိမ်းချမ်းရေးဆီ ရေရှည်မျှော်လင့်နေတဲ့ လားရာတွေကို ကျွန်တော်တို့ မြင်တွေ့လာရတော့မှာ ဖြစ်ပါတယ်။ အချိန်က စကားပြောလာမှာပဲ ဖြစ်ပါတယ်။”ဟု ထရမ့်က ရေးသားထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly