ရေရှားပါးတဲ့ ကျေးရွာတွေကို We Love Tattoo မုံရွာအဖွဲ့ သွားရောက်လှူဒါန်း

ရေရှားပါးတဲ့ ကျေးရွာတွေကို We Love Tattoo မုံရွာအဖွဲ့ သွားရောက်လှူဒါန်း

 

ကနီ၊ မေ ၂၅ ။            ။ စစ်ကိုင်းတိုုင်းဒေသကြီး ယင်းမာပင်ခရိုင်၊ ကနီမြို့နယ်နဲ့ ဆာလင်းကြီးမြို့နယ်အတွင်းက ရေရှားပါးတဲ့ ကျေးရွာ တွေကို We love tattoo မုံရွာအဖွဲ့က မေလ ၂၅ ရက်က သောက်သုံးရေသန့် သွားရောက်လှူဒါန်းခဲ့ပါတယ်။

ကျေးရွာတွေကို ရေလှူဒါန်းရတာနဲ့ ပတ်သက်ပြီး We love Tattoo မုံရွာအဖွဲ့က ကိုအောင်နေမျိုးက “ ၉ ရက် နေ့ဆို တက်တူးနေ့ဆိုပြီး ပရဟိတ တစ်ခု လုပ်တယ်။ အစီအစဉ်ဆွဲပြီးသား။ ဒါပေမယ့် ဒီဘက်မှာကြတော့ ရေပြတ်လပ်မှုတွေ ရှိတယ်လို့ ကြားတယ်။ ကနီလွှတ်တော်အမတ် ကိုထွန်းထွန်းဦးနဲ့ ချိတ်ပြီး အခုလို ဒီဘက်မှာ ပြတ်လပ်နေတဲ့ စာသင်ကျောင်း၊ ကျေးရွာတွေကို တောက်လျှောက်သွားလှူကြမယ်ဆိုပြီး စီစဉ် ဖြစ်သွားတာပေါ့ ” လို့ ပြောပါတယ်။  

ဆားလင်းကြီးမြို့နယ်အတွင်းရှိ မန်းကျည်းတစ်ထောင်ကျေးရွာကနီမြို့နယ်အတွင်း မုံရွာ -ကလေးဝ ယာကြီး ကားလမ်းမတစ်လျောက် အောင်မင်္ဂလာ၊ ရွေပြည်သာ၊ အင်တိုင်းတော၊ ပေါက်အင်းမြိုင်စတဲ့ နှစ်စဉ် ရေရှားပါးတဲ့ ကျေးရွာတွေ စာသင်ကျောင်းတွေအတွက် သောက်ရေသန့် ၂၀ လီတာဘူး တစ်ထောင်ကို လှူဒါန်းခဲ့ပါတယ်။

နှစ်စဉ် နွေရာသီရောက်တိုင်း ရေရှားပါးပြီး ကုမ္ပဏီတွေက တူးဖော်ထားတဲ့ စက်ရေတွင်းတွေမှာ ရေဝယ်ပြီး သုံးရတယ်တယ်လို့ ၂၄ မိုင် မုံရွာ -ယာကြီး ကလေးဝ လမ်းက ကိုဇော်မင်းထွန်းက ဆိုပါတယ်။

“ ကုမ္ပဏီတွင်းတော့ ရှိတယ် ။ တစ်ရာဖိုးကို ၂ ပုံးပဲပေးတယ်။ တစ်ပုံး ၅၀ ပေါ့။ တော်ရုံလူကတော့ ၁ရာဖိုး ၂ ပုံး က မသုံးစွဲနိုင်ကြဘူးပေါ့” ဟု ကိုဇော်မင်းထွန်းက ပြောပါတယ်။

နှစ်စဉ် တပေါင်း၊တန်ခူး၊ကဆုန်လကိုရောက်တိုင်း ရေရှားပါတဲ့ ပြဿနာကိုရင်ဆိုင်ရပြီး အခုအခါမှာတော့ ကုမ္ပဏီ တွေက တူးဖော်ထားတဲ့ စက်ရေတွင်းတွေရှိတဲ့အတွက် အရင်ကလောက် ရေရှားတော့ဘူးလို့ ဒေသခံတွေက ဆိုပါတယ် ။ အဲ့ဒီဒေသတွေမှာ ကျေးရွွာမှာ ရေကန်တွေရှိပေမဲ့ မသန့်ရှင်းတဲ့အတွက် ကျန်းမာရေးအရ မသုံးစွဲကြဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

We love Tattoo မုံရွာ အဖွဲ့ကနေ အခုလိုသောက်ရေလှူဒါန်းတာဟာ ပထမဆုံးအကြိမ် လှူဒါန်းတာဖြစ်ပြီး မုံရွာမြို့မှာ ရန်ကုန်နာရေးကူညီမှု အသင်း ဦးကျော်သူနှင့် ပူးပေါင်းပြီး ဆိုင်ကယ်စီးဦးထုပ်ဆောင်းဖို့ ကမ်ပိန်းတွေ၊ အမှိုက်ကောက် ကမ်ပိန်းတွေ ပြုလုပ်ခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required